နိုင်ငံတော်၏အကျိုးစီးပွားအတွက် အကြမ်းဖက်မှန်သမျှရှင်းလင်းချေမှုန်း

နိုင်ငံတော်၏အကျိုးစီးပွားအတွက် အကြမ်းဖက်မှန်သမျှရှင်းလင်းချေမှုန်း


Ministry of Information/ Naypyitaw / December 15, 2025
image_latest


၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှစတင်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်သတင်းများ ကျယ်ကျယ်လောင်လောင် ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရသည်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို တပ်မတော်မှတိုက်ခိုက်မှုကြောင့် အဆိုပါနေရာတွင် တက်ရောက်ကုသလျက်ရှိသည့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု ပြည်တွင်းမှ အကြမ်းဖက်သောင်းကျန်းသူများနှင့် ၎င်းတို့အပေါင်းပါများ၏ လှုံ့ဆော်မှုများနှင့်အတူ ပြည်ပမှ အလိုတူအလိုပါ အဖွဲ့အစည်းများနှင့်လူပုဂ္ဂိုလ်များက တစ်ပြိုင်တည်း သွေးထိုးလှုံ့ဆော်ခဲ့ကြသည်ကို တွေ့ရသည်။

ဖြစ်စဉ်အမှန်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အချက်အလက်အထောက်အထားများနှင့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြန်လည်ရှင်းလင်းထုတ်ပြန်ပေးခဲ့သလို နိုင်ငံအတွင်း၌ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူအားလုံးကလည်း ဖြစ်စဉ်အမှန်ကို သဘောပေါက်နားလည်ကြပြီးဖြစ်သည်။ ဖြစ်စဉ်အမှန်မှာ ရခိုင်ပြည်နယ်အတွင်းတပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူတို့အကြား ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသအချို့အား တပ်မတော်က ခေတ္တဆုတ်ခွာပေးခဲ့သည်။ အလားတူ မြောက်ဦးမြို့ဒေသတစ်ဝိုက်တွင်လည်း တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူတို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် မြောက်ဦးမြို့ကို သောင်းကျန်းသူများက ယာယီထိန်းချုပ်ခဲ့သည်။

မြောက်ဦးပြည်သူ့ဆေးရုံနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက တရားဝင်ခန့်အပ်ထားသည့် ဝန်ထမ်းများ၊ ဆရာဝန်များ၊ သူနာပြုများအနေဖြင့် တိုက်ပွဲအတွင်းပိတ်မိမှုမရှိစေရေး ဘေးလွတ်ရာသို့ ကြိုတင်ရှောင်တိမ်းခဲ့သဖြင့် နိုင်ငံတော်အစိုးရက တရားဝင်ပိတ်သိမ်းထားသည့် ဆေးရုံဖြစ်သည်။ အဆိုပါနေရာအား AA အကြမ်းဖက်သောင်းကျန်းသူများက ခိုအောင်းအခြေပြုပြီး ဆေးရုံအသွင်အဖြစ် အကာအကွယ်ယူ၍ ဖွင့်လှစ်ထားသည့်စစ်စခန်းတစ်ခုအဖြစ် အသုံးပြုနေသော အဆောက်အအုံ တစ်ခုဖြစ်သည်။ AA နှင့် ဒေသခံ PDF၊ BPLA၊ အရှိုချင်းစသည့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ အခြေပြုစစ်စခန်းအဖြစ် အသုံးပြုနေသည့်အပြင် အုပ်ချုပ်မှုကိစ္စများလည်း ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါစစ်စခန်းတွင် အုပ်ချုပ်မှုကိစ္စရပ်များဆောင်ရွက်နိုင်ရန် သောင်းကျန်းသူများ၏ မိသားစုဝင်များအား တာဝန်ပေးစေခိုင်းလျက်ရှိကြောင်း သတင်းပေးပို့မှုအရ သိရသည်။ AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ တိကျသောသတင်း ပေးပို့မှုအရ တပ်မတော်က လိုအပ်သောစိစစ်မှုများပြုလုပ်ကာ အကြမ်းဖက်သောင်းကျန်းသူများ အခြေပြုထားသည့် အဆိုပါစစ်စခန်းနှင့်အဆောက်အအုံများကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ထိခိုက်သေဆုံးခဲ့ကြသူများမှာ အပြစ်မဲ့ပြည်သူအရပ်သားများမဟုတ်ဘဲ အကြမ်းဖက်သောင်းကျန်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များဖြစ်သည်မှာ ထင်ရှားသည်။

လူမှုကွန်ရက်များပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများ ဖြန့်ဝေထားသည့် ဓာတ်ပုံအထောက်အထားများအရဖြစ်စဉ်တွင် ၎င်းတို့အဖွဲ့မှ ဒဏ်ရာရသူများအား ရွှေ့ပြောင်းပေးနေမှု၊ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းရေးသားဖော်ပြနေမှုများအရ ဖြစ်စဉ်တွင် သေဆုံးဒဏ်ရာရသူများမှာ အပြစ်မဲ့ပြည်သူများမဟုတ်ဘဲ AA နှင့် ဒေသခံ PDF၊ BPLA၊ အရှိုချင်းစသည့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများနှင့် အဆိုပါစစ်စခန်းအတွင်း အခြေပြုနေထိုင် လုပ်ကိုင်ဆောင်ရွက်နေကြသော ၎င်းတို့၏အမာခံ မိသားစုဝင်များနှင့် ၎င်းတို့ကိုထောက်ခံအားပေးသည့် အမာခံများသာဖြစ်သည်မှာ ပေါ်လွင်ထင်ရှားပေသည်။ သို့သော် အကြမ်းဖက်သောင်းကျန်းသူများနှင့် အပေါင်းပါတစ်စုတို့သည် အဖြစ်မှန်ကိုဖုံးကွယ်ပြီး နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှားအောင် မဟုတ်မမှန်လုပ်ကြံသတင်းများကို အစဉ်အလာအတိုင်းထုတ်လွှင့်လျက်ရှိသည်။

ယခုအခါ မြန်မာနိုင်ငံ၏ ဖြစ်စဉ်အမှန်ကို တစ်ကမ္ဘာလုံးက သိရှိနားလည်လာကြပြီး အကောင်းနှင့်အဆိုးကို ပြည်တွင်း၌သာမက နိုင်ငံတကာကပါ ခွဲခြားသိမြင်နေကြပြီဖြစ်သည်။ မည်သည့်နိုင်ငံတွင်မဆို နိုင်ငံတော်အား ဆန့်ကျင်ပုန်ကန်သည့် မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို နိုင်ငံအတွင်း အခြေချလှုပ်ရှားခွင့်မပြုဘဲ အမြစ်ပြတ်ချေမှုန်းကြသည်ကို တွေ့ရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ၏ အားပေးထောက်ခံမှုဖြင့် တိုင်းပြည်ပြိုကွဲပျက်စီးအောင် ပြုလုပ်နေသည့် အကြမ်းဖက်သောင်းကျန်းသူမှန်သမျှကို လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို (Rules of Engagement-ROE) နှင့်အညီ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ကို ထောက်ခံပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။