နိုင်ငံတော် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်မှီခိုမှုကင်းရေးရည်မှန်းထား

နိုင်ငံတော် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်မှီခိုမှုကင်းရေးရည်မှန်းထား


Ministry of Information/ Naypyitaw / December 27, 2025
image_latest


မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် တွင်းထွက်သယံဇာတများ ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ ရေနံလုပ်ငန်းနှင့်ပတ်သက်၍ သမိုင်းမှတ်တမ်းကောင်းများစွာရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ရေနံချက်လုပ်ငန်းတွင် နယ်ချဲ့ဗြိတိသျှတို့ အနေဖြင့် ၁၈၇၁ ခုနှစ်ကတည်းက “ရန်ကုန်ရေနံကုမ္ပဏီ” အမည်ဖြင့် ရေနံချက်လုပ်ငန်းကို စတင်ခဲ့သည်ဟုသိရသည်။ ၁၉၂၅ ခုနှစ်တွင် ခေတ်မီနည်းစနစ်များကိုအသုံးပြုပြီး နေ့စဉ်လည်ပတ်ချက်လုပ်နိုင်သည့် ဂါလန်ရှစ်သိန်းဆံ့သော သန်လျင်ရေနံချက်စက်ရုံကြီးကို တည်ဆောက်ခဲ့သည်။

ထို့နောက် သန်လျင်ရေနံချက်စက်ရုံကို အဆင့်ဆင့်တိုးချဲ့တည်ဆောက်ခဲ့ပြီး ရေနံထွက်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ပေးနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလတွင် ဗြိတိသျှတို့ စစ်ရှုံးသောအခါတွင် သန်လျင်ရေနံချက်စက်ရုံကို မီးရှို့ဖျက်ဆီးခဲ့သည်။ လွတ်လပ်ရေးရပြီးကာလတွင် သန်လျင်ရေနံချက်စက်ရုံကို ပြုပြင်မွမ်းမံတည်ဆောက်၍ ရေနံချက်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။ သို့သော် ၂၀၁၇ ခုနှစ်တွင် ကုန်ကြမ်းရရှိမှုနည်းပါးလာခြင်း၊ ထုတ်လုပ်မှုအရည်အသွေး မပြည့်မီခြင်းစသည်တို့ကြောင့် စက်ရုံ၏ရေနံချက်လုပ်ငန်းများကို ရပ်နားထားခဲ့သည်မှာ ရှစ်နှစ်ကျော်ကာလ ရှိခဲ့သည်။

ယနေ့နိုင်ငံတော်အစိုးရလက်ထက်ကာလတွင် နိုင်ငံ၏စက်သုံးဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လာခဲ့ရာ မကြာမီကာလတွင် တစ်နှစ်လျှင် တန်ချိန်ငါးသိန်း ချက်လုပ်နိုင်မည့် သန်လျင်ရေနံချက်စက်ရုံသစ်ကြီးကို ပထမအဆင့်အနေဖြင့် စတင်လည်ပတ်နိုင်တော့မည်ဖြစ်သည်။ ဆက်လက်၍ ဒုတိယအဆင့်အနေဖြင့် တစ်နှစ်လျှင်တန်ချိန် သုံးသန်းချက်လုပ်နိုင်မည့်စက်ရုံကြီးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်၍ ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ်အခမ်းအနားတွင် “မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ပြန်ပြည့်မြဲစွမ်းအင် တိုးမြှင့်အသုံးပြုနိုင်စေရေးအတွက်နေစွမ်းအင်၊ လေစွမ်းအင်တို့မှ လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသကဲ့သို့ စက်သုံးဆီများအသုံးပြုမှု လျှော့ချနိုင်စေရန် လျှပ်စစ်ကားများကို အစားထိုးအသုံးပြုနိုင်ရေး နိုင်ငံတော်အနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်းရေနံနှင့် သဘာဝဓာတ်ငွေ့လောင်စာများကို ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အဆင့်မြင့်နည်းပညာများအသုံးပြုသုံးစွဲနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းအသစ်များ၊ ရေနံမြေအသစ်များ ထွက်ပေါ်လာရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ သက်တမ်းရင့်ရေနံချက်စက်ရုံ၊ ရေနံဓာတုဗေဒစက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံကြီးများ စွမ်းအားပြည့်လည်ပတ်နိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် လက်ရှိရေနံမြေများမှ ရေနံအထွက်တိုးစေ‌ရေး ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်နိုင်ရန် တိုင်းရင်းသားရေနံလုပ်ငန်းရှင်များနှင့်ပူးပေါင်းပြီး ရေနံတွင်းများ နည်းစနစ်တကျတူးဖော်နိုင်ရန်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်များ အဆင့်မြှင့်တင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်းကြောင့် နိုင်ငံ၏ စွမ်းအင်ကဏ္ဍ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာမည်ဟု ယုံကြည်သည်။

နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များကို စနစ်တကျ ရှာဖွေ၊ ဖော်ထုတ်၊ အသုံးပြုသွားရန်အတွက် မိတ်ဆွေနိုင်ငံများမှ ရေနံကုမ္ပဏီကြီးများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များနှင့်ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားကြရန်၊ နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတို့ကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် တစိုက်မတ်မတ် ဆောင်ရွက်သွားကြရန်လိုသည်။ နိုင်ငံတကာရေနံကုမ္ပဏီကြီးများကို ဖိတ်ခေါ်ဆောင်ရွက်မှု အကျိုးရလဒ်အနေဖြင့် ကမ်းလွန်စီမံကိန်းကြီးများသည် နိုင်ငံ့စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမကနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေကိုပါ ရှာဖွေပေးနိုင်သည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင် နေရသည်။

သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးရေးကို အထောက်အကူပြုမည့် ရေနံချက်စက်ရုံများ တည်‌ဆောက်ပြီး အဆင့်မြင့်စက်သုံးဆီများ ကိုယ်တိုင်ချက်ထုတ်လုပ်နိုင်ရေး၊ ဓာတ်မြေဩဇာစက်ရုံများ ထပ်မံတည်ဆောက်နိုင်ရေးအပါအဝင် နည်းပညာမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သောကြောင့် အဆိုပါလုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ ရည်မှန်းချက်ထားဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။  ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Posted on Dec 27, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Posted on Dec 26, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Dec 25, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 24, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Dec 23, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Posted on Dec 22, 2025
AnnouncementsExplore more >

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း

Posted on Dec 26, 2025

​​​​​​​ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း

Posted on Dec 26, 2025

​​​​​​​ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,