နိုင်ငံဖွံ့ဖြိုးရေးအတွက် အရည်အသွေးစံမီသော သက်မွေးပညာရှင်များ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်
နိုင်ငံဖွံ့ဖြိုးရေးအတွက် အရည်အသွေးစံမီသော သက်မွေးပညာရှင်များ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်
Ministry of Information/ Naypyitaw / August 02, 2024
နေပြည်တော် ဩဂုတ် ၁
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်အကျိုးဖော်ဆောင်နိုင်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အထောက်အကူပြုနိုင်မည့် သက်မွေးပညာရှင်များကို စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) သို့ရောက်ရှိပြီး လျှပ်စစ်နည်းပညာသင်တန်း၊ အီလက်ရောနစ်နည်းပညာသင်တန်း၊ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်မှုနည်းပညာသင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း၊ သုတနည်းပညာသင်တန်းတို့မှ ကျောင်းသား ကျောင်းသူစုစုပေါင်း ၁၀၈၅ ဦးတို့ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အခက်အခဲတင်ပြ ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသားလူငယ်များအား နည်းပညာအရည်အသွေးပြည့်မီရေးအပြင် ဗလငါးတန်နှင့် ပြည့်စုံသော လူချွန်လူကောင်းများ ဖြစ်စေရေးဝန်းကျင်ကောင်းများဖန်တီးပေးပြီး ပျိုးထောင်ဆောင်ရွက်သွားရန်၊ ကျောင်းဆင်းလူငယ်များ အလုပ်အကိုင်များရရှိပြီး ဘဝအဆင့်မြင့်မားလာမှုများကို ကျောင်းသားသစ်များ အားကျအတူယူကြစေရေး ဆောင်ရွက်ရန်၊ ဆရာများသည် ပြည်သူများကို အမှန်တကယ် အလုပ်ကျွေးပြုနိုင်သော စွမ်းရည်မြင့်နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး အလေးထား ကျင့်ကြံဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်ကျောင်းသို့ ရောက်ရှိပြီး စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု နည်းပညာသင်တန်းတို့မှ ကျောင်းသား ကျောင်းသူများ၏ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး MSMEs များ၊ အထူးစီးပွားရေးဇုန်များရှိ တန်ဖိုးမြင့်ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည့် ခေတ်မီနည်းပညာများကို ကျွမ်းကျင်စွာအသုံးချနိုင်သည်အထိ လေ့ကျင့်ကြရန်၊ အာဆီယံနှင့် နိုင်ငံတကာ နည်းပညာပြိုင်ပွဲများသို့ ထိုးဖောက်ယှဉ်ပြိုင်၍ နိုင်ငံ့ဂုဏ်ဆောင် လူငယ်များဖြစ်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကြောင်း သိရသည်။
သတင်းစဉ်
“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း
Posted on May 21, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 19, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...
Posted on Feb 28, 2026ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
