နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက် နှောင့်ယှက်ဟန့်တားမှုများကို ဝိုင်းဝန်းဆန့်ကျင်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက် နှောင့်ယှက်ဟန့်တားမှုများကို ဝိုင်းဝန်းဆန့်ကျင်


Ministry of Information/ Naypyitaw / December 19, 2025
image_latest


၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံတွင် တစ်ဦးချင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၄၂၉ ယူနစ်ရှိပြီး တစ်နိုင်ငံလုံး အများဆုံးဝန်အား ၃၈၂၈ မဂ္ဂါဝပ်အထိ သုံးစွဲခဲ့သည်။ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ တိုးတက်လျက်ရှိပြီး ၂၀၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အရ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၈၀၀၀ ကျော်၊ ၂၀၂၅ -၂၀၂၆ ခုနှစ်တွင် ၁၀၃၇၉ မဂ္ဂါဝပ်၊ ၂၀၃၀ ပြည့်နှစ်တွင် ၂၃၅၉၄ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန်မျှော်မှန်းထားခဲ့သည်။ သို့ရာတွင် သဘာဝဓာတ်ငွေ့အသုံးပြု၍ ဓာတ်အားထုတ်လုပ်သည့်စက်ရုံများ ထုတ်လုပ်မှုဆိုင်းငံ့ရခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ နိုင်ငံတစ်ဝန်းရှိ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများ အကြမ်းဖက်တိုက်ခိုက်ခံရခြင်း စသည့်အကြောင်းအမျိုးမျိုးတို့ကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုများ လျော့နည်းခဲ့သည်။ လျှပ်စစ်ဓာတ်အားအလုံအလောက် ထုတ်လုပ်ဖြန့်ဖြူးမပေးနိုင်ခြင်းက ကုန်ထုတ်လုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများကို ထိခိုက်မှုများစွာဖြစ်ပေါ်စေသည်။

မြန်မာနိုင်ငံ၏ ဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်အချိုးအစား (Generation Mix) အနေဖြင့် ရေအား မှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင်မှ ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အပူစွမ်းအင် (သဘာဝဓာတ်ငွေ့၊ ရေနံဓာတ်ငွေ့ရည်၊ ကျောက်မီးသွေး) မှ ၅၀ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး ဓာတ်အားပေးစက်ရုံအနေဖြင့်မူ စက်တပ်ဆင်အင်အား ၄၉၈၇ မဂ္ဂါဝပ်ရှိသည့် ဓာတ်အားပေးစက်ရုံ ၄၃ ရုံတွင် ရေအားလျှပ်စစ် ၆၉ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၂၉ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၂ ရာခိုင်နှုန်းပါဝင်သည်။

မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်အရင်းအမြစ် ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ဓာတ်အားထုတ်လုပ်သုံးစွဲနိုင်မှုတွင် လွန်စွာနိမ့်ကျလျက်ရှိသည်။ ဓာတ်အားအလုံအလောက် မထောက်ပံ့နိုင်သည့်အခါ ကုန်ထုတ်လုပ်မှုကဏ္ဍနိမ့်ကျပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအပေါ်တွင်လည်း သက်ရောက်မှုရှိသည်။ ထိုမျှမက နိုင်ငံရေးပယောဂမကင်းသော အနှောင့်အယှက်များကြောင့်လည်း ဓာတ်အားထုတ်လုပ်မှုစီမံကိန်းများ ဆိုင်းငံ့မှု၊ ရပ်တန့်မှုများဖြစ်၍ လျှပ်စစ်ဓာတ်အား ထောက်ပံ့ ပေးနိုင်မှုကို ထိခိုက်မှုဖြစ်ပေါ်စေသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ၊ ပညာရှင်များ၊ ထင်ရှားကျော်ကြားသူများ စသည်တို့ကို နောက်ကွယ်မှ ထောက်ပံ့ပေးပြီး ဝီကီလိစ်မှတစ်ဆင့် ပေါ်ထွက်လာခဲ့သည်ကိုလည်း တွေ့ရသည်။

ယခုလည်း ခေတ္တဆိုင်းငံ့ထားခဲ့သည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မမှန်မကန်အချက်အလက်များ၊ မသိနားမလည်သည့်ပြည်သူများကို စိုးရိမ်စိတ်ဖြစ်ပေါ်စေပြီး စီမံကိန်းကို ကန့်ကွက်လာစေရန် ခြောက်လှန့်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကို ပြည်ပမီဒီယာအချို့နှင့် ပြည်ပြေးမီဒီယာအချို့က ပြုလုပ်လာကြပြန်သည်ကို တွေ့ရသည်။ နိုင်ငံ့အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် အရေးပါသည့်စီမံကိန်းကို ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံပြည်သူများအတွင်း ဖြစ်ပေါ်နေသည့် ရှင်းရှင်းလင်းလင်းသိလိုမှု၊ စိုးရိမ်စိတ်ဖြစ်ပေါ်မှုတို့ကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက ဝမ်းသာအားရ သဘောကျ ကျေနပ်လက်ခံကြသည်။

စီမံကိန်းအောင်မြင်ပါက နိုင်ငံတော်နှင့် ကချင်ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ရာ နောက်ကွယ်မှ ပယောဂမကင်းသည့် သွေးထိုးလှုံ့ဆော်မှုများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုများ မပြုလုပ်နိုင်ရန် နှောင့်ယှက်ဖျက်ဆီးမှုများကို ပြည်သူအားလုံးက မြင်အောင်ကြည့်ကာ ဝိုင်းဝန်းကန့်ကွက်ဖယ်ရှားဆန့်ကျင်သွားကြရပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။