နိုင်ငံရေးနှင့် နိုင်ငံ့အရေးကွဲပြားသိမြင် နိုင်ငံနှင့် ဒေသအကျိုးရှေးရှုဆောင်ရွက်

နိုင်ငံရေးနှင့် နိုင်ငံ့အရေးကွဲပြားသိမြင် နိုင်ငံနှင့် ဒေသအကျိုးရှေးရှုဆောင်ရွက်


Ministry of Information/ Naypyitaw / December 23, 2025
image_latest


မကြာမီရက်ပိုင်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီအစိုးရ၊ ခေတ်မီတိုးတက်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် လိုလားသည့် နိုင်ငံသူနိုင်ငံသားများအားလုံး တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး၊ မဲမသမာမှုမရှိစေရေးနှင့် လိုအပ်သည်များအားလုံး အသင့်ပြင်ဆင်ဆောင်ရွက်ပေးထားပြီးဖြစ်သည်။

စည်းကမ်းစနစ်ကျနပြီး ခိုင်မာအားကောင်းသည့် ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ခြင်းသည် နိုင်ငံ့အရေးကို ဆောင်ရွက်ခြင်းဖြစ်သလို နိုင်ငံရေးကိုဆောင်ရွက်ခြင်းလည်းဖြစ်သည်။ နိုင်ငံ့အရေးတွင် နိုင်ငံသူနိုင်ငံသားများအားလုံး ပါဝင်ကြရမည်ဖြစ်သည်။ နိုင်ငံတော်၏ အကျိုးစီးပွားကိုရှေးရှုသည့် နိုင်ငံရေးရှေ့ခရီးကို ဝိုင်းဝန်းတည်ဆောက်ကြရမည်ဖြစ်သည်။ ယခုအခါ နိုင်ငံတော်၏ ရှေ့ဆက်နေသော ဒီမိုကရေစီခရီးကို ပြည်တွင်းပြည်ပမှ မနာလိုမရှုဆိတ်သူများ၊ မလိုလားသူများက နည်းလမ်းအမျိုးမျိုးဖြင့် နှောင့်ယှက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဒီမိုကရေစီလိုလားသူများအနေဖြင့် နိုင်ငံတော်က လျှောက်လှမ်းနေသည့် ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခြင်းဖြင့် နိုင်ငံသားတာဝန်ကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂၁ ရက်က ပြည်မြို့သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ “မိမိတို့အနေဖြင့် မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း၊ ဆန္ဒမဲများပေးရာတွင်လည်း နိုင်ငံနှင့် ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာဆောင်ရွက်နိုင်သူ၊ ပြည်ထောင်စုစိတ်ဓာတ်ရှိသူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးအမြင်ရှိသူ၊ နိုင်ငံတော်တည်ရှိနေသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသော အဖွဲ့အစည်းဖြစ်သည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်သည့်သူများဖြစ်ရန်လိုကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မတည်ငြိမ်သော နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် တိုင်းပြည်ပြိုကွဲပျက်စီးနိုင်မည့်အခြေအနေသို့ မရောက်ရှိစေရန်အတွက် တပ်မတော်သည် နိုင်ငံတော်၏တာဝန်ကို အကြိမ်ကြိမ်ယူခဲ့ရသည်။ နိုင်ငံ၏နောက်ခံသမိုင်းကြောင်းနှင့် ပထဝီဝင်အနေအထား၊ ပထဝီနိုင်ငံရေးအခြေအနေများအရ နိုင်ငံကိုထိခိုက်ပျက်စီးစေမည့်အခြေအနေများ ဖြစ်ပေါ်လေ့ရှိသဖြင့် တပ်မတော်သည် အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေရသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသော နိုင်ငံရေးသင်ခန်းစာများအရ လာမည့်နိုင်ငံရေးအခင်းအကျင်းတွင် နိုင်ငံတော်တည်ရှိနေသရွေ့တည်ရှိနေမည့် အခိုင်မာဆုံးသော အဖွဲ့အစည်းဖြစ်သည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြီးခဲ့သည့် နိုင်ငံရေးအခင်းအကျင်းကို ကြည့်မည်ဆိုလျှင် အားနည်းချက်အမျိုးမျိုးနှင့်အတူ ဖြစ်ပေါ်လာသည့် မဲမသမာမှုများကိုအကြောင်းပြုသည့် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ချိန်တွင် နိုင်ငံ့အရေးနှင့်နိုင်ငံရေးကို ခွဲခြားခြင်းမရှိသည့် နိုင်ငံရေးသမားများ၊ ဝန်ထမ်းများကြောင့် နိုင်ငံအတွက် များစွာထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်မှာ သင်ခန်းစာယူစရာဖြစ်သည်။ မိမိတို့အာဏာရရှိရေးကိုသာရှေးရှုပြီး တိုင်းပြည်အကျိုးစီးပွားကို မငဲ့ကွက်သည့် နိုင်ငံရေးသမားများကြောင့် ပြည်သူနှင့်ဝန်ထမ်းများမှာ အသုံးချခံ၊ စတေးခံဖြစ်ကြရသည်။ အထူးအားဖြင့် ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းအများစု လုပ်ငန်းခွင်စွန့်ခွာခဲ့ကြသည်။ နိုင်ငံတော်အပေါ် သစ္စာမဲ့စွာလုပ်ဆောင်ခဲ့သောကြောင့် နိုင်ငံအတွင်းပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များ ကြီးမားစွာဖြစ်ပေါ်ခဲ့သည်။

အချို့သောဝန်ထမ်းများအနေဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခံရမှု၊ ဖိအားပေးခံရမှု၊ နိုင်ငံရေးဝါဒမှိုင်း ရိုက်ခတ်မှုတို့ကြောင့် လုပ်ငန်းခွင်မှစွန့်ခွာခဲ့ကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်မှုအခက်အခဲအကျပ်အတည်းများ၊ နိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ၊ ဆေးရုံများ၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် လိုအပ်မှုများ စသည်တို့ကို နည်းလမ်းမျိုးစုံဖြင့် ရင်ဆိုင်ကျော်လွှားခဲ့ရသည်။ ဝန်ထမ်းများနှင့်ပတ်သက်၍ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အဆိုးရွားဆုံးအခြေအနေဖြစ်ပေါ်ခဲ့သည်။ ဤသည်မှာ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်နိုင်စွမ်းမရှိသည့် ဆိုးကျိုးများဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံတော်အပေါ်တွင် သစ္စာရှိကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ကာ မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲတွင် လူရွေးချယ်မှုမှန်ကန်ရန်လိုအပ်ပြီး နိုင်ငံတော်မှ လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားကြသည့်မဲစာရင်းတွင် ပါဝင်သူပြည်သူများ အားလုံးဆန္ဒမဲပေးကြရန် တိုက်တွန်းအပ်ပါကြောင်း။   ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။