နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၅) ဖွင့်လှစ်
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၅) ဖွင့်လှစ်
Ministry of Information/ Naypyitaw / May 28, 2024
နေပြည်တော် မေ ၂၇
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၇၅) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကဏ္ဍအလိုက်၊ ရာထူးအဆင့်အလိုက် သက်ဆိုင်ရာ လုပ်ငန်းများကို တည်တည်ငြိမ်ငြိမ် မှန်မှန်ကန်ကန်နှင့် စဉ်ဆက်မပြတ် ဆောင်ရွက်တတ်စေရန် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များက လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို နိုင်ငံတော်၏ မူဝါဒ၊ လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေအနေများအား သိရှိစေရန်၊ ကျောင်းသားများနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို သိရှိစေရန်၊ ဆရာ့သိက္ခာနှင့် ကျင့်ဝတ်များ၊ စိတ်ဓာတ်ခံယူချက်များ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။
လေးစားလိုက်နာ
ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် လူ့စွမ်းအား အရင်းအမြစ်၏ အခြေခံဖြစ်သော မျိုးဆက်သစ်လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည် သတ္တိများ တိုးတက်မြင့်မားရေး၊ စည်းကမ်းရှိပြီး အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခံယူချက်ကောင်းမွန်ရေးတို့မှာ အရေးကြီးပါကြောင်း၊ ကျောင်းသား လူငယ်များကို အတတ်ပညာ သင်ကြားပေးရုံသာမက ထက်မြက်သော အမှန်နှင့်အမှား၊ အကောင်းနှင့် အဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော ဥပဒေနှင့်စည်းကမ်းများကို လေးစားလိုက်နာပြီး စွမ်းဆောင် ရည်မြင့်မားသော ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးဆက်သစ်များ၊ နိုင်ငံ့သားကောင်းများဖြစ်စေရေး ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ ထိုသို့ ထူးချွန်ထက်မြက်သည့် တပည့်များ ပေါ်ထွန်းရန် ဆရာ့အရည်အချင်းပေါ် မူတည်သောကြောင့် ယခုသင်တန်းမှရရှိသည့် အတွေ့အကြုံ၊ ပညာရပ်များနှင့် တိုးတက်ပြောင်းလဲ ဖြစ်ပေါ်နေသည့် နည်းပညာအသစ် အဆန်းများကို စဉ်ဆက်မပြတ်လေ့လာပြီး ကျောင်းသားများကို ပြန်လည်မျှဝေ ပြုစုပျိုးထောင်ကြရန် တိုက်တွန်းမှာကြားသည်။
ရက်သတ္တငါးပတ် ကြာမြင့်မည်
အဆိုပါ သင်တန်းသို့ သင်တန်းသား ၇၈ ဦး၊ သင်တန်းသူ ၃၂၆ ဦး စုစုပေါင်း ၄၀၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂၇ ရက်မှ ဇွန် ၂၈ ရက်အထိ ရက်သတ္တ ငါးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
အမိန့်ကြော်ငြာစာအမှတ်(၉၀/၂၀၂၄) စျေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် ပြောင်းလဲ၍...
Posted on Dec 27, 2024ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၅၀/၂၀၂၄)
Posted on Dec 28, 2024ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၅၀/၂၀၂၄)