နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၄) သင်တန်းဖွင့်ပွဲ ကျင်းပ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၄) သင်တန်းဖွင့်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / June 17, 2025

ရန်ကုန် ဇွန် ၁၆
စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး)၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းသား သင်တန်းသူများအနေဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က ချမှတ်ထားသည့် သင်တန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာပြီး မိမိဝန်ကြီးဌာန၏ ဂုဏ်ကိုဆောင်နိုင်သူများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၄) သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၁၅ ဦး၊ သင်တန်းသူ ၂၅၂ ဦး စုစုပေါင်း ၃၆၇ ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဇွန် ၁၆ ရက်မှ ဩဂုတ် ၂၇ ရက်အထိ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 17, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က ၂၇-၆-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Jun 17, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Posted on Jun 14, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။