နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၄)သင်တန်းဖွင့်လှစ်

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၄)သင်တန်းဖွင့်လှစ်


Ministry of Information/ Naypyitaw / October 28, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၇

အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၄)၏ သင် တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီ တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးဆန်းမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်က မိမိတို့လက်အောက် ဝန်ထမ်းများကို မှန်ကန်တိကျသည့် ဦးဆောင်လမ်းညွှန်မှုများကို ချမှတ်ပေးပြီး မိမိအထက်အဆင့်များကိုလည်း တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် အထောက်အကူပြု ဆောင်ရွက်ပေးကြရန်၊ အလယ်အလတ်အဆင့် အရာထမ်းများဖြစ်၍ ညှိနှိုင်းပေါင်းစပ် ပူးပေါင်းဆောင်ရွက်ခြင်း အရည်အသွေးနှင့် စွမ်းဆောင်ရည် ပြည့်ဝသူများဖြစ်အောင် ကြိုးစားကြရန်၊ သင်တန်းစည်းကမ်းများကို အပြုသဘောအနေဖြင့် လက်ခံပြီးဌာန/အဖွဲ့ အစည်း၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေး ကြိုးစားအားထုတ်ကြရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်၏ အဆင့်မြင့်တာဝန်များ၊ အရေးကြီးတာဝန်များ ထမ်းဆောင်ခွင့်ရရန် အလားအလာကောင်းသူများဖြစ်သည့်အတွက် ပညာဗဟုသုတ ပြည့်ဝကုံလုံပြီး စိတ်ဓာတ်မြင့်မား အမြော်အမြင်ရှိသော အရာထမ်းကောင်းများဖြစ်အောင် ပြုမူနေထိုင်ကြရန် တိုက်တွန်းမှာကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ၅၀၊ သင်တန်းသူ ၅၁ ဦး စုစုပေါင်း ၁၀၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၇ ရက်မှ ၂၀၂၆ ခုနှစ် မတ် ၁၈ ရက်အထိဖြစ်သည်။

ဆက်လက်၍ အဖွဲ့ဝင်ဦးဆန်းမြင့်သည် တက္ကသိုလ်မှတာဝန်ရှိသူများနှင့်အတူ တက္ကသိုလ်စစ်ရေး ပြကွင်း၌ အရာထမ်းငယ်သင်တန်းအမှတ်စဉ် (၁၀၄)နှင့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၁၁၄)တို့၏ သင်တန်းဆင်းစစ်ရေး ပြလေ့ကျင့်နေမှု၊ သင်တန်းခန်းမများ၌ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၇)နှင့် စာရေးဝန်ထမ်းကြီးကြပ် သင်တန်းအမှတ်စဉ် (၂၇) တို့၏ သင်ခန်းစာပို့ချနေမှု အခြေအနေများနှင့် ပတ္တမြားခန်းမ၌ အရာထမ်းလောင်း (အထူး)သင်တန်း အမှတ်စဉ် (၁၅)၏ စာမေးပွဲဖြေဆိုနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Posted on Oct 31, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Oct 30, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 26, 2025
AnnouncementsExplore more >

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသတင်းကြေညာချက်

Posted on Oct 30, 2025

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၅ ခုနှစ်၊ (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ (၁၇) ရက်နေ့မှ (၂၆) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ပါသည်။

မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့်နေ့ရက်အား ကြေညာခြင်း

Posted on Oct 29, 2025

မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့်နေ့ရက်အား ကြေညာခြင်း

HOT NEWS
January 4,