နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသားများ၏အကျိုးစီးပွားကို မှန်ကန်သစ္စာရှိစွာ ဖော်ဆောင်ပေးနိုင်သူများဖြစ်ရန်လိုအပ်

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသားများ၏အကျိုးစီးပွားကို မှန်ကန်သစ္စာရှိစွာ ဖော်ဆောင်ပေးနိုင်သူများဖြစ်ရန်လိုအပ်


Ministry of Information/ Naypyitaw / February 28, 2024
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၇

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာ အမှုထမ်းများ ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ(ရန်ကုန်) မှ သင်တန်းသားသင်တန်းသူများက Onlilne ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှုထမ်းများအနေဖြင့်ပို့ချမည့် ဘာသာရပ်များကို ကောင်းမွန်စွာလေ့လာမှတ်သားပြီး လုပ်ငန်းခွင်တွင်ထိထိရောက်ရောက် မှန်ကန်စွာလက်တွေ့ကျကျ အသုံးချဆောင်ရွက်နိုင်ရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရကိုယ်စား တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ အစိုးရနှင့်ပြည်သူများအကြား ပေါင်းကူးဆက်စပ်ပေးသည့် လူပုဂ္ဂိုလ်များ၊ ဌာနများဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏အကျိုးစီးပွားကို မှန်ကန်သစ္စာရှိစွာ ဖော်ဆောင်ပေးနိုင်သူများဖြစ်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကို ကောင်းစွာသိရှိနားလည်ပြီး ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိရှိရှိဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ပြဋ္ဌာန်းထားရှိသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထမ်းဆောင်တတ်သည့် ဝန်ထမ်းကောင်းများဖြစ်စေရန်နှင့် မိမိနိုင်ငံနှင့်ဝန်ကြီးဌာနအပေါ် သစ္စာရှိစွာဖြင့် စွမ်းဆောင်ရည် မြင့်မားမှုကိုပေါင်းစပ်ပြီး တက်တက်ကြွကြွ ကြိုးစားဆောင်ရွက်ကြရန် အထူးတိုက်တွန်းကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသားသင်တန်းသူ ၅၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလကို ရက်သတ္တနှစ်ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 17, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။


Posted on Aug 16, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။


Posted on Aug 15, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။


Posted on Aug 14, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 13, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။


Posted on Aug 12, 2025
AnnouncementsExplore more >

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

Posted on Aug 15, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

Posted on Aug 15, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း

Posted on Aug 15, 2025

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း