နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၆) ဖွင့်လှစ်

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၆) ဖွင့်လှစ်


Ministry of Information/ Naypyitaw / January 07, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၆

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွား ရေးသင်တန်းအမှတ်စဉ်(၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ရခိုင်ပြည်နယ်ဥပဒေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများသည် ဥပဒေအသိပညာ ရှိသင့်ကြောင်း၊ အနည်းဆုံးဥပဒေဒီပလိုမာရသင့်ကြောင်း လမ်းညွှန်မှုပြုသဖြင့် ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီး သူများအား ဥပဒေရေးရာဝန်ကြီးဌာနတွင် မှတ်တမ်းထားသကဲ့သို့ ယခင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့တင်ပြခဲ့ပြီး ယခုအခါအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသို့ တင်ပြဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊ လက်တွေ့တွင် ပုဂ္ဂိုလ်ရေးကိစ္စများ တွင်လည်းကောင်း၊ ရုံးလုပ်ငန်းများတွင်လည်းကောင်း လွန်စွာအသုံးကျသည်ဟု သင်တန်းတက်ရောက်ပြီးသူများ၏ အကဲ ဖြတ်မှတ်တမ်းများအရ သိရှိရ ကြောင်း။

ယခုသင်တန်းတွင် လက်တွေ့ဘဝတွင်အသုံးချ၍ရပြီး ရုံးလုပ်ငန်းများနှင့်လည်း ဆက်စပ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေမူကြမ်းရေးဆွဲခြင်း၊ စီးပွားရေးစာချုပ်စာတမ်းများ စစ်ဆေးခြင်း၊ အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ တရားစွဲနှင့်အမှုလိုက်လုပ်ငန်း၊ အထူးဥပဒေ၊ တရားမဥပဒေ စသည်တို့ကို ပို့ချပေးမည်ဖြစ်ကြောင်း၊ ဥပဒေအသိပညာ ဒီပလိုမာတစ်နှစ်သင်တန်းကိုလည်း စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်မှစ၍ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၂၅ မှ ၂၀၂၉ အထိ “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” “Building Legal Trust For The People” ဟူသည့် မဟာဗျူဟာအရ ဥပဒေအသိပညာ ပြန့်ပွားရေးဆိုသည့် အချက်သည် အဓိကဆောင်ရွက်သည့် အချက်ဖြစ်ကြောင်း၊ လူတိုင်းဥပဒေအသိ ပညာပြန့်ပွားရမည်၊ အထူးသဖြင့် နိုင်ငံတော်၏အဆင့်မြင့်တာဝန် ထမ်းဆောင်နေသည့် အရာရှိကြီးများသည် ဥပဒေအသိပညာ ရှိရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တရားဥပဒေစိုးမိုးရေးထဲမှ အဓိကကျသည့် အညွှန်းကိန်း Index အနေဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ Grade 11 / 12 ကျောင်းသား ကျောင်းသူများ ကအစဥပဒေအသိပညာရှိစေရေးအတွက် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းရေးဆွဲပြီး ဆရာ ဆရာမများအား Training of Trainner သင်တန်းများ ပို့ချဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုသင်တန်းမှရရှိသည့် ဥပဒေအသိပညာများကို မိမိအတွက်၊ မိမိဌာနအဖွဲ့အစည်းအတွက်၊ နိုင်ငံတော်အတွက် အကျိုးရှိစွာ အသုံးချနိုင်ရန်ဆန္ဒပြုပါကြောင်း ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၆)သို့ သင်တန်းသားသင်တန်းသူ ၂၇ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ မတ် ၂၆ ရက်အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။