နိုင်ငံ့အကျိုးပြု လေကြောင်းနှင့် အာကာသဆိုင်ရာ အင်ဂျင်နီယာလူငယ်ကောင်းများ စဉ်ဆက်မပြတ် ပျိုးထောင်ဆောင်ရွက်

နိုင်ငံ့အကျိုးပြု လေကြောင်းနှင့် အာကာသဆိုင်ရာ အင်ဂျင်နီယာလူငယ်ကောင်းများ စဉ်ဆက်မပြတ် ပျိုးထောင်ဆောင်ရွက်


Ministry of Information/ Naypyitaw / June 25, 2025
image_latest


နေပြည်တော် ဇွန် ၂၄

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၂၁ ရက် နံနက်ပိုင်းက မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသားများအား ဗလငါးတန်နှင့်ပြည့်စုံရေး၊ ဆန်းစစ်လေ့လာတွေးခေါ်မှု၊ ကျင့်ဝတ်လိုက်နာမှုနှင့် အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝစေရေးအတွက် ပျိုးထောင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် မန္တလေးငလျင်ကြီးဒဏ်မခံရသော အဆောက်အအုံများနှင့် သာမန်အသေးစား ထိခိုက်မှုဖြစ်ပေါ်ခဲ့သော အဆောက်အအုံများကိုပြုပြင်၍ သင်တန်းများဖွင့်လှစ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အမှန်တကယ်အားထားရသည့် လေကြောင်းနှင့် အာကာသဆိုင်ရာ အင်ဂျင်နီယာလူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် Aerospace Research Laboratory သို့ ရောက်ရှိပြီး ငလျင်ဘေးဒဏ်သင့်လေကြောင်းနှင့် အာကာသဆိုင်ရာပစ္စည်းများ ရွှေ့ပြောင်းထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jun 25, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Jun 25, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း