နိုင်ငံ့ EV ကဏ္ဍဖွံ့ဖြိုးရေးအတွက် လက်တွေ့ကျသောနည်းပညာများ ဖြည့်ဆည်းဆောင်ရွက်

နိုင်ငံ့ EV ကဏ္ဍဖွံ့ဖြိုးရေးအတွက် လက်တွေ့ကျသောနည်းပညာများ ဖြည့်ဆည်းဆောင်ရွက်


Ministry of Information/ Naypyitaw / January 02, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ်(EV) နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွား ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၂ တွင် ယမန်နေ့နံနက်ပိုင်းက Hybrid စနစ်ဖြင့်ကျင်းပသည့် လုပ်ငန်းကော်မတီ(၃/၂၀၂၅) အစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်တွင် နိုင်ငံတကာနှင့်တန်းတူ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် အဖိုးတန်သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းနိုင်ရေး၊ ခေတ်မီ Smart Transportation ၊ Smart City များမှသည် Sustainable Future ကို ဖော်ဆောင်နိုင်ရေး၊ စက်သုံးဆီကုန်ကျစရိတ်များ လျှော့ချနိုင်ရေး၊ ကျန်းမာရေးကောင်းမွန် စေရေးစသည့် ကောင်းကျိုးဆုလာဘ်များကို ပြည်သူလူထုရရှိကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့အနာဂတ်ကောင်းများကို ဖော်ဆောင်နိုင်ရေးတို့အတွက် ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒများချမှတ် ဆောင်ရွက်နေရာ ညွှန်ကြားချက်များအတိုင်း ဌာနများပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နေကြောင်း။

ကမ္ဘာ့ EV လောကတွင် နည်းပညာနှင့် စီးပွားရေးဆိုင်ရာပြိုင်ဆိုင်မှုများ ပြင်းထန်လျက်ရှိပြီး နိုင်ငံတော်တွင် EV သုံးစွဲမှုများ တစ်ရှိန်ထိုး မြင့်တက်လာသည်ကို တွေ့ရှိ ရရာ ပြည်သူတို့ EV ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေးနှင့် နိုင်ငံ့ EV လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အထောက်အကူပြုနိုင်ရေးအတွက် လက်တွေ့ကျသော နည်းပညာများကို ဖြည့်ဆည်းပေးနိုင်ရန် မိမိတို့ကော်မတီ၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရန်၊ မြန်ဆန်စွာဖွံ့ဖြိုးနေသော EV နည်းပညာအရွေ့များ အတိုင်းအမီလိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန က EV သင်တန်းများဖွင့်လှစ်မှု၊ EV အားသွင်းစနစ်၊ EV ဘက်ထရီနှင့် အွန်လိုင်းမှ အားသွင်းရုံရှာဖွေစုံစမ်းမှုနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ လက်ကိုင်ဖုန်းသုံးဆော့ဖ်ဝဲလ် Applica-tion များ သုတေသနလုပ်ငန်း ဆောင်ရွက်မှုများ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနက လျှပ်စစ်သုံးယာဉ်ဆိုင်ရာ မြန်မာစံချိန်စံညွှန်းများ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနက EV သင်တန်းများဖွင့်လှစ်မှုနှင့် အစိုးရစက်မှုလက်မှုသိပ္ပံများမှ ကျောင်းအုပ်ကြီးများက EV နှစ်ဘီး၊ EV သုံးဘီးနှင့် EV ပြိုင်ကားဆိုင်ရာ သုတေသနလုပ်ငန်းဆောင်ရွက်မှုများစသည့် ကော်မတီဆိုင်ရာ လုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများနှင့် နောက်နှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက EV နည်းပညာများ၊ အသိပညာများကို ပြည်သူများအပါအဝင် EV Stake-holders များ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာဖြန့်ဝေပေး နိုင်ရေးအလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။