နိုင်ငံ့ EV ကဏ္ဍ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် EV Stakeholders များ အားလုံးပူးပေါင်းကြိုးပမ်း

နိုင်ငံ့ EV ကဏ္ဍ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် EV Stakeholders များ အားလုံးပူးပေါင်းကြိုးပမ်း


Ministry of Information/ Naypyitaw / December 25, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၄

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ အားသစ်မာန် စွမ်းအားသစ်ကုမ္ပဏီလီမိတက်၏ လျှပ်စစ်သုံးယာဉ် (Electric Vehicle ၊ EV) များကို Semi Knocked Down (SKD) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် စက်ရုံဖွင့်ပွဲကို တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက နိုင်ငံတော်တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ကာ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် အဖိုးတန်သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းနိုင်ရေး၊ Smart Transportation မှ Smart City များ ဖြစ်ထွန်းလာရေး၊ စက်သုံးဆီကုန်ကျစရိတ်များ လျှော့ချနိုင်ရေး၊ ကျန်းမာရေးကောင်းမွန်စေရေး စသည့်ကောင်းကျိုးဆုလာဘ်များကို ပြည်သူတို့ရရှိကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့အနာဂတ်ကောင်းများကို ဖော်ဆောင်နိုင်ရေးတို့အတွက် ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒများ ချမှတ်ဆောင်ရွက်နေရာ EV ကို SKD စနစ်ဖြင့် ထုတ်လုပ်မှုလည်း ပါဝင်ကြောင်း၊ SKD စနစ်ကို အသုံးပြုခြင်းဖြင့် EV သုံးစွဲသည့် ပြည်သူတို့အတွက် စျေးနှုန်းချိုသာစေပြီး ရေရှည်အာမခံချက် ပိုမိုခိုင်မာစေကာ အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်နိုင်၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို တစ်တပ်တစ်အား အထောက်အကူပြုနိုင်ပါကြောင်း။

အားလုံးတက်ညီလက်ညီ ပူးပေါင်း

ယင်းအပြင် EV နည်းပညာမြှင့်တင်နိုင်မှုနှင့် နိုင်ငံ့ EV ရည်မှန်းချက်များ ပြည့်မီစေနိုင်ကြောင်း၊ ထုတ်လုပ်သူအတွက်လည်း စျေးကွက်အတွင်း လျင်မြန်စွာ ဝင်ရောက်ဖြန့်ဖြူးရောင်းချနိုင်မှု၊ Brand ခိုင်မာမှု၊ ဒေသတွင်းလိုအပ်ချက်နှင့်အညီ ထုတ်လုပ်နိုင်မှု၊ ထုတ်လုပ်ရေးကွင်းဆက်ချိန်ညှိနိုင်မှု၊ ရေရှည်ရပ်တည်သွားနိုင်မှု စသည့်အားသာချက်များကို ရရှိနိုင်ပါကြောင်း၊ သို့ဖြစ်ရာ ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း ပြည်တွင်း EV ထုတ်လုပ်မှုလုပ်ငန်းများ အရှိန်မြှင့်တင်နိုင်ပြီး နိုင်ငံ့ EV ကဏ္ဍအမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနများအပါအဝင် EV Stakeholders များအားလုံး တက်ညီလက်ညီ ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကုမ္ပဏီမှ တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကားများ ပြောကြားပြီး EV SKD စက်ရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြပြီး ပထမဆုံးထုတ်လုပ်သည့် EV ကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ဖွင့်လှစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် Trim Line အတိုင်း တပ်ဆင်ထုတ်လုပ်မှုအဆင့် ၁၀ ခု၊ Chassis Line အတိုင်း တပ်ဆင်ထုတ်လုပ်မှုအဆင့် ခုနစ်ခု၊ Final Line အတိုင်း တပ်ဆင်ထုတ်လုပ်မှုအဆင့် ငါးခု၊ စက်ရုံတွင်း၌ အဆင့်မြင့်ကွန်ပျူတာ ထိန်းချုပ်စနစ်များဖြင့် တပ်ဆင်ထုတ်လုပ်ပြီး EV များကို ကနဦးလျှပ်စစ်အန္တရာယ်ကင်းရှင်းမှု၊ ကိုယ်ထည်နှင့်ဘီးလေးခုဟန်ချက်ညီမှု၊ ရှေ့မီးလုံးနှင့် မီးလုံးများ ကောင်းမွန်မှု၊ ဟွန်းအချက်ပေးစနစ်ကောင်းမွန်မှု၊ ဘီးချော်ခံနိုင်မှု၊ ဘရိတ်ကောင်းမွန်မှု၊ အရှိန်ကောင်းမွန်မှု၊ မိုးရွာနေချိန် မောင်းနှင်အပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းမှု၊ စက်ရုံပြင်ပတွင် လမ်းကြမ်းနှင့် ရေဝပ်လမ်းအပါအဝင် လမ်းပုံစံအမျိုးမျိုး၌ မောင်းနှင်မှု၊ ရှေ့ကားပေါ် မူတည်၍ အရှိန်ပြောင်းလဲသွားမှု စသည့် Test Drive အခြေအနေများ၊ အများပြည်သူသုံး EV Taxi တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျတပ်ဆင်ထုတ်လုပ်သွားရန်၊ EV သုတေသနနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)သို့ ရောက်ရှိပြီး အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်အရ အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများအတွက် ဖွင့်လှစ်ပေးခဲ့သည့် EV စစ်ဆေးခြင်းသင်တန်း (၁/၂၀၂၅) ဆင်းပွဲ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

သင်တန်းဆင်းလက်မှတ်ပေးအပ်

ယင်းနောက် ဒုတိယဝန်ကြီးသည် သင်တန်းဆရာများထံ ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းဆင်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။