နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ကိန်းဂဏန်းများဖြင့် ထင်ဟပ်ဖော်ပြ

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ကိန်းဂဏန်းများဖြင့် ထင်ဟပ်ဖော်ပြ


Ministry of Information/ Naypyitaw / October 29, 2025
image_latest


“ယုံကြည်အားထားရသော အချက်အလက်မရှိသည့်နိုင်ငံသည် သံလိုက် အိမ်မြှောင်မပါဘဲ သင်္ဘောကို ထိန်းကျောင်းမောင်းနှင်နေခြင်းနှင့် တူနေသည်ဟု ဆိုကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းက မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးမှုလမ်းကြောင်းကို ပြသနေသည့် သံလိုက်အိမ်မြှောင်ဟု တင်စားလိုကြောင်း၊ ထို့အပြင် သန်းခေါင် စာရင်းဆိုသည်မှာ နိုင်ငံ၏အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

သန်းခေါင်စာရင်းမှ ပေါ်ထွက်လာသည့် ကိန်းဂဏန်းအချက်အလက်များသည် စီမံကိန်းရေးဆွဲသူများ၊ မူဝါဒချမှတ်သူများအနေဖြင့် ပိုမိုကောင်းမွန်သည့် ပညာရေးမျှော်မှန်းချက်များ ဖော်ဆောင်ရန်၊ ကျန်းမာရေးဝန်ဆောင်မှုများမြှင့်တင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ လူမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ချဲ့ထွင်ရန်စသည့်လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် သန်းခေါင်စာရင်းအချက်အလက်များသည် ယုံကြည်အားထားရသည့် နိုင်ငံ၏ အသက်သွေးကြောဟုဆိုနိုင်သည်။ နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော လူဦးရေပြောင်းလဲလာမှုနှင့် မြို့ပြကျေးလက်အလိုက် လူဦးရေအခြေအနေ၊ လုပ်သားအင်အား အခြေအနေနှင့် အလုပ်လုပ်ကိုင်မှု၊ ရွှေ့ပြောင်းသွားလာမှုနှင့် နေထိုင်မှုပုံစံစသည့်အခြေအနေများကို လွှမ်းခြုံသိရှိနိုင်သည့် နိုင်ငံအတွက် အဖိုးတန်သော ကိန်းဂဏန်း များဖြစ်သည်။

သန်းခေါင်စာရင်းအစီရင်ခံစာပါ ကိန်းဂဏန်းအချက်အလက်များသည် ယနေ့နိုင်ငံတော်ကြီး မည်သို့အခြေအနေရှိနေသည်ကို ထင်ဟပ်ပြသနေပြီး မနက်ဖြန်တွင် မည်သည့်အခြေအနေဖြစ်လာနိုင်သည်ကို ညွှန်ပြနေသည့် နိုင်ငံတော်၏ ကြေးမုံပြင်တစ်ချပ်ဟု ပြောရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှုသမိုင်းကြောင်းတွင် လွတ်လပ်ရေးမရမီ ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း သန်းခေါင်စာရင်း ရှစ်ကြိမ်ကောက်ယူခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် လူဦးရေ သန်းခေါင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် သန်းခေါင်စာရင်းကောက်ယူခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့ရာ လေးကြိမ်မြောက် ကောက်ယူနိုင်ခဲ့သည်။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏကြီးမားကာ ငွေကြေးကုန်ကျမှုများပြားသည့်လုပ်ငန်းဖြစ်သည်။ သို့သော် နိုင်ငံတော်၏လက်ရှိအခြေအနေနှင့် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေဆိုင်ရာ စာရင်းအင်းအချက်အလက်များ ရရှိရန်အရေးကြီးသဖြင့် ကုလသမဂ္ဂ၏ အကြံပြုချက်အရ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို အခက်အခဲများ၊ စိန်ခေါ်မှုများ ကြားမှ ၁၀ နှစ်လျှင် တစ်ကြိမ် မဖြစ်မနေကောက်ယူခဲ့သည်။ ၂၀၂၄ ခုနှစ် အောက်တို ဘာလတွင် သန်းခေါင်စာရင်းကောက်ယူခဲ့ပြီးနောက် နိုင်ငံတော်၏ စီမံကိန်းများတွင် ချက်ချင်းအသုံးပြုနိုင်ရန် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရှေ့ပြေးလူဦးရေစာရင်းကို ဦးစွာထုတ်ပြန်ခဲ့သည်။

သန်းခေါင်စာရင်းအချက်အလက်များကို ဆန်းစစ်လေ့လာထားသည့် ကိန်းဂဏန်းအချက်အလက်များနှင့် အညွှန်းကိန်းများပါဝင်သော သန်းခေါင်စာရင်း ပင်မအစီရင်ခံစာဖြစ်သည့် ပြည်ထောင်စုအစီရင်ခံစာ အသုံးပြုသူများ လွယ်လွယ်ကူကူ ထုတ်နုတ်အသုံးပြုနိုင်မည့် အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းဇယားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်အသိပေးလိုက်ပြီဖြစ်သည်။ အစီရင်ခံစာများတွင် လူဦးရေဆိုင်ရာ အချက်အလက်များ၊ ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း စသည့်အခန်းကဏ္ဍများစွာပါဝင်သဖြင့် ယင်းတို့ကို သက်ဆိုင်ရာနယ်ပယ်များအလိုက် ပြန်လည်အသုံးချခြင်းဖြင့် နိုင်ငံအတွက် အကျိုးရလဒ်များစွာ ဖြစ်စေနိုင်သည့်အပြင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစသည့် လုပ်ငန်းများအတွက် များစွာအသုံးဝင်သည်။

အထူးသဖြင့် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ဆောင်ရွက်ရာတွင် သန်းခေါင်စာရင်းမှ ပေါ်ထွက်လာသော လူဦးရေကိန်းဂဏန်းအချက်အလက်များက အထောက်အကူပြုလျက်ရှိသည်။ ပညာအရည်အချင်းအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ နေထိုင်မှုပုံစံအလိုက် လူဦးရေကိုသိရှိခြင်းဖြင့် ယင်းတို့နှင့်ပတ်သက်ပြီး အစီအမံများ၊ အရင်းအမြစ်များ၊ လေ့ကျင့်မွေးထုတ်ပေးနိုင်မှုများကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာကို ထုတ်ပြန်အသိပေးလိုက်နိုင်ခြင်းဖြင့် နိုင်ငံအတွက် မဖြစ်မနေ လိုအပ်ချက်များကို ကဏ္ဍအလိုက် အကောင်အထည်ဖော်နိုင်မည်ဖြစ်ရာ သန်းခေါင်စာရင်းကောက်ယူခြင်းမှ ပေါ်ထွက်လာသောရလဒ်များသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ကိန်းဂဏန်းများဖြင့် ထင်ဟပ်ဖော်ပြလိုက်ခြင်းဖြစ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Posted on Nov 01, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Posted on Oct 31, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Oct 30, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025
AnnouncementsExplore more >

စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း

Posted on Oct 31, 2025

စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃/၂၀၂၅

Posted on Oct 31, 2025

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃/၂၀၂၅

အရေးပေါ်အခြေအနေဆက်လက်ကြေညာခြင်း

Posted on Oct 31, 2025

အရေးပေါ်အခြေအနေဆက်လက်ကြေညာခြင်း

HOT NEWS
January 4,