နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက်ဆောင်ရွက်၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက်ဆောင်ရွက်၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း


Ministry of Information/ Naypyitaw / September 12, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၂

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂိ၏အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာလ (၁၀) ရက်နေ့မှစတင်၍ နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့်မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အချို့နှင့် အခြားသောတိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ မြို့နယ်အချို့တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထိုသို့ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တို့တွင် မြစ်ရေများမြင့်တက်ကာ ၎င်းမြစ်ချောင်းများအနီးရှိ ရပ်ကွက်/ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခြင်း၊ အချို့နေရာများရှိ ကားလမ်း၊ ရထားလမ်းများရေကျော်ခြင်း၊ တံတားအချို့ပျက်စီးမှုများကြောင့် လမ်းပန်းဆက်သွယ်မှုပိတ်ဆို့ခြင်းများ၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အဦများထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်များပျက်စီးခြင်း စသည့်တို့ဖြစ်ပွားခဲ့သည့်အပြင် ရေကြီးရေလျှံမှုဖြစ်ပွားသော မြို့/ရွာများတွင် လျှပ်စစ်မီးများပြတ်တောက်ပြီး အခြေခံပညာ စာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားရကြောင်း သိရှိရသည်။

ထိုသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ပြောင်းရန်လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ ဘောဂသီရိကားဝန်းအနီး၊ ပင်လောင်းလမ်းဆုံ၊ ပျဉ်းမနားရွှေချီရပ်ကွက်၊ အေးမြင့်သာယာကျေးရွာ၊ ဘဲကုန်းကျေးရွာ၊ ကျောက်ချပ်ကျေးရွာ၊ အိုင်ဇောက်ကျေးရွာတို့နှင့် အခြားရေကြီးရေလျှံဖြစ်ပေါ်နေသည့်နေရာများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ၊ နေပြည်တော်ကောင်စီနှင့် စေတနာရှင်ပြည်သူများကလည်း ရေဘေးသင့်ပြည်သူများ စားသောက်ရေးအခက်အခဲ မရှိစေရေးအတွက် ထမင်းဘူးများ၊ ရေသန့်များနှင့် အခြားစားသောက်ဖွယ်ရာပစ္စည်းများကို လိုက်လံဝေငှပေးလျက်ရှိသည်။

အလားတူ ဇေယျာသီရိမြို့နယ်၊ သပြေပင်ကျေးရွာ၊ ရှားစေးဖိုကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ကြံဖိုစုကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများကိုလည်း ရေဘေးလွတ်ရာ လောကချမ်းသာဘုရားဝန်းသို့လည်းကောင်း၊ နယ်မြေခံတပ်မတော် တပ်ရင်းတပ်ဖွဲ့များတွင် ဖွင့်လှစ်ထားရှိသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့လည်းကောင်း၊ တပ်မတော်သားများက ကူညီရွှေ့ပြောင်းပေးခဲ့ပြီး အုပ်ချုပ်မှုကိစ္စများနှင့် စားရေးအဆင်ပြေစေရေးတို့အတွက် စီစဉ်ပေးထားကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း လက်တလောတွင် ရေဘေးသင့်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၃ စု၊ အိမ်ထောင်စုပေါင်း ၁၆၃၇၃ စုတို့မှ လူဦးရေ ၇၄၂၉၅ ဦးတို့ကို သက်ဆိုင်ရာမြို့နယ်အလိုက်ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်း ၂၆ ခု၌ ကူညီကယ်ဆယ်ရေးနေရာချထားပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် မင်းဘူး (စကု) မြို့နယ်၌ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ကာ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေစက်တော်မန်းချောင်းအတွင်း၌ မန်းချောင်းရေများ တဖြည်းဖြည်းတိုးမြှင့်ဝင်ရောက်စီးဆင်းလျက်ရှိရာ ယခုအခါတွင် အောက်စက်တော်ရာ နဂါးအိုင်ဘက်ခြမ်းမှစ၍ ရင်ပြင်တော်အထက်သို့ မန်းချောင်းရေများ စတင်ဝင်ရောက်စီးဆင်းနေပြီဖြစ်ကြောင်း၊ ၎င်းအပြင် မန်းရွှေစက်တော်ဘုရားကြီးအထက်ပိုင်းရှိ ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ၌ ယနေ့ညနေ ၆ နာရီအချိန် တိုင်းထွာချက်အရ ပင်မရေပိုလွှဲမှ ၃ ဒသမ ၄ ပေခန့် ရေကျော်စီးဆင်းပြီး အဆိုပါ မန်းချောင်းရေများက ရွှေစက်တော်မန်းချောင်းမှတစ်ဆင့် မင်းဘူး (စကု) မြို့နယ်အတွင်းသို့ ပိုမိုဖြတ်သန်း စီးဆင်းဝင်ရောက်လျက်ရှိကြောင်း၊ မိုးများအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ တောင်ကျချောင်းရေများ ထပ်မံစီးဆင်းဝင်ရောက်လာနိုင်သည့်အတွက် မန်းချောင်းအောက်ပိုင်းတစ်လျှောက်တွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုများကြောင့် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့တွင် သစ်ပင်လဲကျမှုဖြစ်ပွားခြင်း၊ ဆက်သွယ်ရေးတိုင်နှင့် လျှပ်စစ်မီးတိုင်လဲကျမှုများဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

၎င်းအပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့၊ ဗထူးတပ်မြို့၊ ရပ်စောက်မြို့၊ ကျိုင်းခမ်းမြို့၊ အောင်ပန်းမြို့၊ ကလောမြို့နှင့် နမ့်စန်မြို့၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နှင့် တောင်ငူမြို့အပါအဝင် အခြားမြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား သက်ဆိုင်ရာနယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတလူမှုရေးအသင်းများက ရေဘေးလွတ်ကင်းရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။

ထို့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၏တောင်ဘက် ကျောင်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး ရထားလမ်း မိုင်တိုင် ၂၈၅/၆-၉ ကြားရှိ အမှတ် (၁) သံလမ်း သံကူကွန်ကရစ်တံတား၊ ပျော်ဘွယ်မြို့၏မြောက်ဘက် ညောင်နွယ်ကျေးရွာရှိ ရန်ကုန်-မန္တလေးကားလမ်း (ဟောင်း) မိုင်တိုင် ၂၉၀ (၁/၂) ကြားရှိ တံတားအမှတ် ၁/၂၉၁ သံကူကွန်ကရစ်တံတား၊ သာစည်မြို့၏မြောက်ဘက်ရှိ စမုံရေထိန်းတမံ၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအုပ်စု၊ ကျောက်ဆောင်ကြီးကွေ့ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီး သွားကားလမ်း၊ မိုင်တိုင် (၄၀/၁) မှ (၄၀/၂) ကြား နေရာနှင့် ကြပ်စခန်းကျေးရွာအနီးတို့၌လည်းကောင်း၊ ရမည်းသင်းမြို့နယ်ရှိ သမိုင်းဝင် ရွှေမြင်တင်စေတီတော်နှင့် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပြိုကျပျက်စီးခဲ့သည့်နေရာများအားလည်းကောင်း ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့်အတူ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ လမ်း/တံတားများအား ပြန်လည်ပြုပြင်ခြင်း၊ ပြိုကျပျက်စီးခဲ့သည့် အုတ်တံတိုင်းများနှင့် အဆောက်အဦများအား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လမ်းများပိတ်ဆို့နေသည့် သစ်ပင်/သစ်ကိုင်များအား ခုတ်ထွင်ရှင်းလင်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသည်။

ထိုသို့ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ ရင်းရင်းနှီးနှီးအားပေးစကားများပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 14, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Jan 13, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Jan 13, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 12, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Posted on Jan 11, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Posted on Jan 10, 2025
AnnouncementsExplore more >

ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ပုံနှိပ်သူနှင့်ထုတ်ဝေသူစာရင်းအား အသိပေးကြေညာခြင်း

Posted on Jan 15, 2025

၁။   ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့်ခံစားနားလည်မှုကို လွဲမှားစေနိုင်သော အကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း တွေ့ရှိရပါသည်-