နေပြည်တော်ကောင်စီနယ်မြေအတွင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို အေးသင်္ကြန်ခေါင်းစဉ်ဖြင့် ရိုးရာမပျက်ကျင်းပ

နေပြည်တော်ကောင်စီနယ်မြေအတွင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို အေးသင်္ကြန်ခေါင်းစဉ်ဖြင့် ရိုးရာမပျက်ကျင်းပ


Ministry of Information/ Naypyitaw / April 14, 2025
image_latest


နေပြည်တော် ဧပြီ ၁၃

နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နှစ်စဉ်ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူအများအပြား ထိခိုက်နစ်နာမှုများ ရှိခဲ့သဖြင့် ယခုနှစ်တွင် သင်္ကြန်အကြိုနေ့မှစတင်၍ မြန်မာ့ရိုးရာ သင်္ကြန်ကို အပျော်အပါး သီဆို ကခုန်မှုများမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ နိုင်ငံတော်က အေးချမ်းသာယာသော သင်္ကြန်(အေးသင်္ကြန်)အဖြစ် ကျင်းပဆောင်ရွက်သည်။

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာလမ်းဆုံ ဧရိယာအတွင်း ကျင်းပသည့် နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ ကျင်းပရာ ပြည်သူများနှင့် ဝန်ထမ်းများ လာရောက်ကြပြီး အတီးအမှုတ်၊ အကအခုန်၊ အပျော်အပါးတို့လွှမ်းသော သင်္ကြန်ပုံရိပ်များကို ဖယ်ရှားကာ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေး မှုဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်အဖြစ် ဆင်နွှဲကြသည်။                 

အဆိုပါ အေးသင်္ကြန်ကို မြန်မာ့ရိုးရာအတာသင်္ကြန်ကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရ သည်ကို အသိအမှတ်ပြုသည့် အနေဖြင့် ဂုဏ်ပြုကျင်းပဆောင်ရွက်ခြင်းလည်းဖြစ်ကာ အစီအစဉ်အနေဖြင့် သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းညှပ်ပေးခြင်း၊ နေ့စဉ်နံနက်နှင့် ညနေပိုင်းတွင် အေးသင်္ကြန်တွင် ပါဝင်ဆင်နွှဲကြသည့် ပြည်သူများအား စတုဒိသာအဖြစ် သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ဆနွင်းမကင်း၊ ကျောက်ကျောဖျော်ရည်၊ မုန့်လက်ဆောင်း၊ ရွှေကြည်၊ သာကူကြို၊ အုန်းနို့ကျောက်ကျောစသည့် စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်း၊ တစ်ဦးနှင့်တစ်ဦး မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ကစားခြင်းနှင့် တစ်ဦးနှင့်တစ်ဦး နှစ်ဟောင်းမှ အဆိုးအညံ့တို့ပျောက်စေပြီး အကောင်းအသန့် တို့ရောက်စေရန်ရည်ရွယ်၍ သန့်စင်ဆေးကြောခြင်း အဓိပ္ပာယ်ဖော်ဆောင်ကာ ရေဖလားများဖြင့် ရေပက်ကစားခြင်းတို့ပါဝင်သည်။

ထို့အတူ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ် ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါးလိမ်းခြယ်ခြင်းကဏ္ဍလည်း ထည့်သွင်းထားရာ အနယ်နယ် အရပ်ရပ်မှ ပြည်သူများနှင့် ဝန်ထမ်းများ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေ အနှစ်သနပ်ခါးကို ထိန်းသိမ်းသည့်အနေဖြင့် ပါးပြင်ထက်တွင် မြန်မာ့သနပ်ခါးကို မြတ်နိုးစွာ လိမ်းခြယ်ကြသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာနှင့် ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ဓမ္မာရုံများ၊ ဘုရား၊ စေတီများ၌ ကုသိုလ်ပြုခြင်း၊ တရားဘာဝနာပွားများ အားထုတ်ခြင်း၊ ဘိုးဘွားရိပ်သာများ၌ အဘိုးအဘွားများအား ခြေသည်းလက်သည်းညှပ်ပေးခြင်း၊ ဇီဝိတဒါနငါးလွှတ်ပေးခြင်း၊ မြို့နယ်၊ ရပ်ကွက်များအလိုက် စတုဒိသာများ ကျွေးမွေးခြင်းနှင့် တစ်ဦးနှင့်တစ်ဦး အေးချမ်းစွာ ရေပက်ကစားခြင်းတို့ဖြင့် အေးချမ်း သာယာသောသင်္ကြန်(အေးသင်္ကြန် အကြို)နေ့အဖြစ် ဖြတ်သန်းကြသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။


Posted on Apr 12, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။


Posted on Apr 11, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။


Posted on Apr 10, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 10, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။


Posted on Apr 10, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 10, 2025
HOT NEWS
January 4,