နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၂၀၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံရိုးရာခြင်းလုံးပြိုင်ပွဲ ဆုပေးပွဲတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၂၀၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံရိုးရာခြင်းလုံးပြိုင်ပွဲ ဆုပေးပွဲတက်ရောက်


Ministry of Information/ Naypyitaw / July 13, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၂

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ်-၁၈ အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်သည်။

ဦးစွာ အမှတ်-၁၈ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှသည့် လူကောင်းလူတော်များဖြစ်ရန်လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် စာဖတ်ခြင်းအလေ့အထကိုပြုလုပ်ရန်နှင့် ကိုယ်ချင်းစာတရားထားရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိရန်အတွက် သုတစာပေ၊ ရသစာပေများကိုလည်း ဖတ်ရှုလေ့လာမှတ်သားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက AI အကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာ ပေးဟောပြောမည့် Naypyitaw State Polytechnic University မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းပပအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှတ်-၁၈ အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားပစ္စည်းများနှင့် စာအုပ်များပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ Naypyitaw State Polytechnic University မှ ဒုတိယပါမောက္ခချုပ်က AI အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး နေပြည်တော်လူငယ်ရေးရာ တာဝန်ခံက ကျောင်းသား ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်းနှင့် ဆုလက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာကန်သို့သွားရောက်၍ နေပြည်တော်ကောင်စီကကျင်းပသည့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ငါးမျိုးများ စိုက်ထည့်ပေးသည်။ ယင်းနောက် တက်ရောက်လာကြသူများက ထိုင်းငါးခုံးမနှင့် ငါးမြစ်ချင်း စုစုပေါင်းကောင်ရေ ၅၀၀၀ ကို စုပေါင်းငါးမျိုး စိုက်ထည့်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်၍ မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ပျဉ်းမနားမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်း ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ပြိုင်ပွဲတွင် တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသော မြို့နယ်အသင်းများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို နေပြည်တော်ကောင်စီဝင်များက ပေးအပ်ချီးမြှင့်ကြပြီး ပထမဆုရရှိသော ပျဉ်းမနားမြို့နယ်အသင်းကို တံခွန်စိုက်ဆုဖလားကြီးနှင့် ငွေသားဆုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းကိုတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Posted on Jul 12, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Posted on Jul 11, 2025
AnnouncementsExplore more >

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်

Posted on Jul 13, 2025

နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -

ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ

Posted on Jul 10, 2025

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊  ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -