နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူးများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူးများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / November 25, 2025


နေပြည်တော်၊ နိုဝင်ဘာလ (၂၄) ရက်

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍအတွင်းရှိ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားပြီး ခရီးသွား လုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ် လုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအတွက် ခေါင်းဆောင်မှု နှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Aureum Palace ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှင့်ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အရာရှိကြီးများ၊ အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများ ပါဝင်တက်ရောက်ကြ ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များသို့ လာရောက်တည်းခိုနေထိုင်ကြ သည့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအား ပြည့်စုံ ကောင်းမွန်သော အရည်အသွေးဖြင့် ဝန်ဆောင်မှုများ စနစ်တကျပေးနိုင်စေရေးအတွက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာသင်တန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ကြီးဌာနက စီစဉ်ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအနေဖြင့် ဟိုတယ် များ၏ မူဝါဒ၊ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရခြင်း အတွက်သာမက ဝန်ထမ်းများနှင့် ဧည့်သည်များအကြား ဦးဆောင်ချိတ်ဆက်ဆောင်ရွက်သူများ ဖြစ်သဖြင့် supervisory skill ရှိနေရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် မိမိတို့ဟိုတယ်နှင့်ခရီးစဉ်ဒေသ၏ ပုံရိပ်ကိုမြှင့်တင်နိုင်ရန်အတွက် ကိုလည်း ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အတွက် ယနေ့ ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ဖွင့်လှစ်ပို့ချ ပေးရခြင်းဖြစ်ပါကြောင်း၊ မန်နေဂျာ/ ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ ဟိုတယ်သို့ လာရောက်တည်းခိုနေထိုင်ကြသည့် ဧည့်သည်များမှ စိတ်ကျေနပ်မှုရရှိပြီး တန်ဖိုးနှင့် ထိုက်တန်မှုရှိသော ဝန်ဆောင်မှုများရရှိနေစေရေးအတွက် ကြီးကြပ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေး အစီအမံများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဧည့်သည်များ၏ လိုအပ်ချက်နှင့် စိတ်ကျေနပ်မှုအပေါ်တွင်များစွာ အကျိုးသက်ရောက်မှုရှိသည့် အပြင် ဧည့်သည်သစ်များကို ဆွဲဆောင်ရာတွင်လည်း အထောက်အပံ့ ဖြစ်စေပါကြောင်း၊ ဟိုတယ်များ အနေဖြင့်လည်း ဝန်ကြီးဌာနမှ လိုအပ်ချက်အရ စီစဉ်ဖွင့်လှစ်ပေး လျက်ရှိသော သင်တန်းများသို့ မိမိတို့ဟိုတယ်များမှ ဝန်ထမ်းများ အပြည့်အဝ ပါဝင်တက်ရောက် ကြရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မန်နေဂျာ/ ကြီးကြပ်ရေးမှူး အဆင့်ရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ ဟိုတယ်၏ ဝန်ဆောင်မှုကောင်းမွန်ရေးနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြ စေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများအား အမှတ်တရ ဂုဏ်ပြု လက်ဆောင်များပေးအပ်ပြီး သင်တန်းသားများနှင့်စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

Source From: Kye Mon

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။