နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / November 25, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၄

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍရှိ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားပြီး ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဟိုတယ်များမှ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးဝန်ထမ်းများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Aureum Palace ဟိုတယ်၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များသို့ လာရောက် တည်းခိုကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကို ပြည့်စုံကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ဟိုတယ်များမှ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအနေဖြင့် ဟိုတယ်များ၏ မူဝါဒ၊ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရသူများ၊ ဝန်ထမ်းများနှင့် ဧည့်သည်များအကြား ဦးဆောင်ချိတ်ဆက်ဆောင်ရွက်သူများဖြစ်သဖြင့် supervisor skill ရှိနေရန် လိုအပ်ကြောင်း၊ ထို့ပြင် မိမိတို့ဟိုတယ်နှင့် ခရီးစဉ်ဒေသ၏ ပုံရိပ်ကိုမြှင့်တင်နိုင်ရေး၊ ဝန်ဆောင်မှုကောင်းမွန်ရေးနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်းပြောကြားပြီး သင်တန်းနည်းပြများကို အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံ အမျိုးသမီးအားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆွေးနွေးတင်ပြ

တွေ့ဆုံစဉ် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများက မြန်မာ့အားကစား အောင်နိုင်ရေးနှင့် အမျိုးသမီးအားကစားသမားများ စိတ်ဓာတ်ခွန်အားများရရှိရေး ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အဖွဲ့ချုပ်အနေဖြင့် လိုက်ပါအားပေးမည် ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁ ရက်တွင် နေပြည်တော် ရေပန်းဥယျာဉ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ Fitness Dance (Zumba) လေ့ကျင့်ခန်းဆောင်ရွက်မည်ဖြစ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ နည်းပြနှစ်ဦး စေလွှတ်ပေးနိုင်ရေး ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အမျိုးသမီးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာအမျိုးသမီး အားကစားသမားများ စိတ်ဓာတ်ခွန်အားရရှိရေးကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။