နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရေဆိုးသန့်စင်စက်ရုံနှင့် ရေသန့်စင်စက်ရုံ ကြည့်ရှုစစ်ဆေး
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရေဆိုးသန့်စင်စက်ရုံနှင့် ရေသန့်စင်စက်ရုံ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 03, 2026
နေပြည်တော် မေ ၂
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် ကော်မတီဝင်ဦးကျော်ကျော်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိ ရပ်ကွက်အတွင်းရှိ ရေဆိုးသန့်စင်စက်ရုံသို့ ရောက်ရှိစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ရေဆိုးသန့်စင်စက်ရုံလုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော်ဝန်က ရေဆိုးသန့်စင်စက်ရုံတွင် ကလိုရင်းခတ်သည့်ပမာဏကို လုံလောက်သည့်ပမာဏဖြစ်စေရေး စနစ်တကျဆောင်ရွက်ရန်၊ ထွက်ရှိလာသော သဘာဝမြေဩဇာများကိုလည်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနသို့ ချိတ်ဆက်ပေးဝေရန်၊ နေပြည်တော်သည် မြို့အင်္ဂါရပ်များနှင့်အညီ တစ်မြို့လုံး အတိုင်းအတာအနေဖြင့် ရေဆိုးသန့်စင်မှုကို ရာနှုန်းပြည့် လွှမ်းခြုံနိုင်အောင် ဆောင်ရွက်မည့်အစီအစဉ်အား ရေးဆွဲတင်ပြရန်၊ စက်ရုံပတ်ဝန်းကျင်သန့်ရှင်းရေး၊ အနံ့အသက်ထိန်းချုပ်ရေး၊ စက်ပစ္စည်းများ ပုံမှန်ထိန်းသိမ်းရေး၊ မှတ်တမ်းများ စနစ်တကျထားရှိရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အား အလေးထားဆောင်ရွက်ရန်နှင့် နောင်တွင် လုပ်ငန်းများတိုးချဲ့၍ ရေဆိုးသန့်စင်ပေးနိုင်ရေးအတွက် စက်ရုံ၏အားနည်းချက်၊ အားသာချက်များအပေါ် အခြေခံ၍ Master Plan လျာထား ရေးဆွဲတင်ပြရန်မှာကြားသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်ရှိ ရေသန့်စင်စက်ရုံ အမှတ်(၁)သို့ ရောက်ရှိစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က ယခုရေသန့်စင် စက်ရုံအမှတ် (၁)သည် နေပြည်တော် ရေပေးဝေရေးလုပ်ငန်း၏ ပမာဏအများဆုံးပေးဝေနေသော နေရာဖြစ်သည့်အတွက် ရေဖူလုံစွာပေးဝေနိုင်ရေးအပြင် သောက်သုံးရေအရည်အသွေး အမြဲကောင်းမွန်အောင်ဆောင်ရွက်ရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကိုပါ တစ်ပါတည်းအလေးထားဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုလျော့ကျစေသည့် ဆိုလာစနစ် တပ်ဆင်မှုကို အခြားရေပေးရေး နေရာများတွင်လည်း ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
