နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဓားဖြင့် ထိုးကာ ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့သူ သုံးဦးအား ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဓားဖြင့် ထိုးကာ ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့သူ သုံးဦးအား ဖော်ထုတ်ဖမ်းဆီး


Ministry of Home Affairs/ Naypyitaw / August 05, 2025


     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်က နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဓားဖြင့် ထိုးကာ ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့သူ သုံးဦး အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်နေ ဝင်းကျော်ထွန်း(၂၇)နှစ်သည် ၎င်းအလုပ်လုပ်ကိုင်နေသည့် သီရိရတနာအဆင့်မြင့်ဈေးမှ အပြင်သို့ တစ်ဦးတည်း ဆိုင်ကယ်ဖြင့်သွားရောက်စဉ် သီရိရတနာ အဆင့်မြင့်ဈေး ဆိုင်းဘုတ်အနီး သီရိအနော်ရထာ(၁၁)လမ်းအရောက်၌ အမျိုးသား သုံးဦး(စိစစ်ဆဲ)က ဓားဖြင့် ထိုးကာ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဝင်းကျော်ထွန်းတွင် ထိုးသွင်းပြတ်ရှ ဒဏ်ရာများရရှိခဲ့၍ ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့သောကြောင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

     ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက သတင်းစုံစမ်းဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၄)ရပ်ကွက်နေသူများဖြစ်ကြသည့် အောင်သူဝင်း(ခ) ကိုသူ(၃၄)နှစ်(ဘ)ဦးဝင်းတင်၊ ကျော်ထက်ဦး(၂၃)နှစ်(ဘ)ဦးအောင်မြင့်စိန်နှင့် မင်းခန့်အောင်(၁၉)နှစ် (ဘ)ဦးမြင့်စိုးတို့ဖြစ်ပြီး ၎င်းတို့ သုံးဦးမှာ ပြစ်မှုကျူးလွန်ပြီးနောက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဖော်ထုတ်သိရှိရသဖြင့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ချိတ်ဆက်၍ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၃၀ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အောင်ဆန်းမြို့သစ်ရပ်ကွက်ရှိ “ရွှေစင်” ကားလက်မှတ်အရောင်းဆိုင်၌ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့ သုံးဦးသည် ဇူလိုင် ၁၃ ရက်တွင် အလုပ်ကိစ္စဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း၊ ဇူလိုင် ၁၆ ရက်တွင် အောင်သူဝင်း(ခ)ကိုသူနှင့် သိကျွမ်းသူ ရှိုင်းထက်အောင်(စိစစ်ဆဲ)မှ ၎င်း၏ညီမဖြစ်သူနှင့် လူမှုရေးအရှုပ်အရှင်းပြဿနာဖြစ်သူ ဝင်းကျော်ထွန်းအား ချောင်းရိုက်ပေးရန်နှင့် ငွေပေးမည်ဖြစ်ကြောင်း ဖုန်းဖြင့် ဆက်သွယ်ပြောဆိုကာ အောင်သူဝင်း(ခ)ကိုသူ၏ Kpay အကောင့်သို့ ငွေကျပ် ၂,၄၅၀,၀၀၀ ကျပ်အား လေးကြိမ်ခွဲ၍ လွှဲပေးခဲ့ကြောင်း။

     ထို့နောက် ကျော်ထက်ဦးနှင့် မင်းခန့်အောင်တို့သည် ဝင်းကျော်ထွန်း၏ သွားလာမှုများအား စောင့်ကြည့်လေ့လာ၍ ဇူလိုင် ၂၀ ရက်တွင် ဝင်းကျော်ထွန်းအား TikTok မှ ဆက်သွယ်ကာ ပါဆယ်ပုံး တစ်ပုံးအား ပေးခဲ့ကြောင်း၊ ဇူလိုင် ၂၈ ရက်တွင် ထပ်မံဆက်သွယ်၍ ပါဆယ်ပုံး မှားယွင်းသွားသဖြင့် ပြန်လည်လာရောက် လဲလှယ်ပေးရန် ချိန်းဆိုကာ အခင်းဖြစ်နေရာအရောက်၌ ဓားဖြင့် ထိုးကာ ဝင်းကျော်ထွန်း စီးနင်းလာသည့် ဆိုင်ကယ်အား ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရပါသည်။

     ထိုသို့ ဓားဖြင့် ထိုးကာ လုယက်မှုကျူးလွန်ခဲ့သည့် အောင်သူဝင်း(ခ)ကိုသူ၊ ကျော်ထက်ဦးနှင့် မင်းခန့်အောင်တို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ သုံးဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ချောင်းရိုက်ရန် အခကြေးငွေပေး၍ စေခိုင်းခဲ့သူ ဖမ်းဆီးရန်ကျန်တရားခံ ရှိုင်းထက်အောင်အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


Posted on Aug 07, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 06, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025
AnnouncementsExplore more >

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးကြေညာချက်

Posted on Aug 7, 2025

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်း

Posted on Aug 5, 2025

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်း