နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းနှင့် ဧည့်သည်စာရင်းအချက်အလက်စနစ်အသုံးပြုနည်းသင်တန်းများဖွင့်လှစ်

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းနှင့် ဧည့်သည်စာရင်းအချက်အလက်စနစ်အသုံးပြုနည်းသင်တန်းများဖွင့်လှစ်


Ministry of Hotel & Tourism/ နေပြည်တော် / February 05, 2026


နေပြည်တော် ဖေဖော်ဝါရီ ၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူး အဆင့်ရှိ ဝန်ထမ်းများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် Aureum Palace ဟိုတယ်၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)မှ တာဝန် ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား သင်တန်းသူများ ပါဝင်တက်ရောက်ကြ သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ရှိ လိုင်စင်ရဟိုတယ်များမှ သင်တန်းတက်ရောက် ပြီးသည့် အရေအတွက်မှာ ၅၆ ဒသမ ၁၈ ရာခိုင်နှုန်း ရှိသည့်အတွက် ကျန်ရှိနေသော ဝန်ထမ်းများ လိုက်ပါတက်ရောက်စေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူး အဆင့်ရှိ ဝန်ထမ်းများအနေဖြင့် စီမံခန့်ခွဲမှုအပိုင်းတွင်သာမက ဝန်ထမ်းများနှင့် ဧည့်သည်များအကြား ဆက်သွယ်ဆက်ဆံရာတွင် ဦးဆောင်ဦးရွက်ပြုရသူများ ဖြစ်သဖြင့် ခေါင်းဆောင်မှုနှင့်ဝန်ဆောင်မှု စွမ်းရည်မြင့်မားနေစေရန် လိုအပ်ပါကြောင်း၊ ထို့အတွက် ယခု သင်တန်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ဒုတိယအကြိမ်အဖြစ် ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ဟိုတယ်သို့ လာရောက်တည်းခိုနေထိုင်ကြသည့် ဧည့်သည်များကို ဝန်ဆောင်မှု ကောင်းများပေးခြင်းဖြင့် ဧည့်သည်သစ်များကို ဆွဲဆောင်ရာတွင်လည်း အထောက်အပံ့ဖြစ်စေ ပါကြောင်း၊ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူး အဆင့်ရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ ဟိုတယ်၏ ဝန်ဆောင်မှုကောင်းမွန်ရေးနှင့် ‌ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပြီး ဂုဏ်ပြု လက်ဆောင်များပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တုံဂပူရိဟိုတယ်၌ ကျင်းပပြုလုပ်‌သော အဆင့်မြှင့်တင်ထားသည့် ဧည့်သည်စာရင်းအချက်အလက်စနစ်ကို တာဝန်ယူဆောင်ရွက်မည့် ဟိုတယ်များမှ ဝန်ထမ်းများနှင့် ဆက်စပ်ဌာနများမှ အရာထမ်း၊ အမှုထမ်းများကို သင်ကြားသည့် စနစ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲသို့တက်ရောက်အမှာစကား ပြောကြားပြီး ဧည့်သည်စာရင်း အချက်အလက်စနစ် အသုံးပြုနည်းအား လက်တွေ့သင်ကြားပြသနေမှု အခြေအနေကို လေ့လာ ကြည့်ရှု၍ အားပေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Source From: Kyemon

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း