နေပြည်တော်ဘူတာကြီး သန့်ရှင်းသာယာရေး စုပေါင်းလုပ်အားပေး ဆောင်ရွက်
နေပြည်တော်ဘူတာကြီး သန့်ရှင်းသာယာရေး စုပေါင်းလုပ်အားပေး ဆောင်ရွက်
Ministry of Information/ Naypyitaw / March 01, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ဘူတာကြီး ရှေ့နောက်ဘေးပတ်ဝန်းကျင်နှင့် ဘူတာတောင်ဘက်နှင့် မြောက်ဘက်ရှိ ယာယီဝန်ထမ်းအိမ်ရာများ၊ ဝန်ထမ်းသက်သာအဖြစ် စိုက်ပျိုးထားရှိသော ငှက်ပျောခြံနှင့် သရက်ခြံပတ်ဝန်းကျင်များ သန့်ရှင်းသာယာရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် မြန်မာ့မီးရထား ရုံးချုပ်မှ အရာထမ်း/အမှုထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်နေမှုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြပြီး ယခုအခါ နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကာကွယ်ရေး ဂရုပြုဆောင်ရွက်ကြရန်၊ နေပြည်တော်ဘူတာကြီးသည် ခရီးသွားပြည်သူများ အမြဲလာရောက်သည့် နေရာဖြစ်သဖြင့် သန့်ရှင်းသာယာရေးကို အမြဲတမ်းဆောင်ရွက်ကြရန်နှင့် ဘူတာဝင်းအတွင်း ထားရှိသော အလှပြရေနွေးငွေ့စက်ခေါင်းများ၏ သန့်ရှင်းကြံ့ခိုင်ရေးကိုလည်း ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။
စုပေါင်းဆောင်ရွက်
စုပေါင်းလုပ်အားပေးပွဲတွင် ဝန်ထမ်းများက ချုံနွယ်ပိတ်ပေါင်းများနှင့် သစ်ရွက်ခြောက်များအား စုပေါင်းရှင်းလင်းခြင်း၊ နေပြည်တော်ဘူတာဝင်းအတွင်းရှိ အောင်စင်္ကြာရတနာမုနိဘုရားအနီး ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်းလုပ်အားပေးခြင်း၊ ဝန်ထမ်းသက်သာအတွက် စိုက်ပျိုးထားရှိသော သရက်ခြံအတွင်း ပေါင်းပင်များ၊ ကျွန်းပင်များအတွင်း သစ်ရွက်ခြောက်များ ရှင်းလင်းခြင်းနှင့် မီးဘေးကာကွယ်ရေးအတွက် မီးတားလမ်းများပြုလုပ်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
