နေပြည်တော်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ Solar စွမ်းအင်တပ်ဆင် အသုံးပြုနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် အရောင်းပြပွဲကျင်းပ

နေပြည်တော်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ Solar စွမ်းအင်တပ်ဆင် အသုံးပြုနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် အရောင်းပြပွဲကျင်းပ


Ministry of Hotels, Tourism and Culture/ နေပြည်တော် / May 29, 2026


နေပြည်တော် မေလ ၂၆

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ၌ Solar စွမ်းအင်တပ်ဆင် အသုံးပြုနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် အရောင်းပြသခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

အခမ်းအနားသို့ ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း(နေပြည်တော်ဇုန်) မှ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ Solar ကုမ္ပဏီများနှင့် ဘဏ်များမှ ကိုယ်စားလှယ်များနှင့် ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြ ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက Solar စနစ်ကို အသုံးပြုခြင်းအားဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများသည် မိမိတို့၏ စွမ်းအင်အသုံးစရိတ်များကို ရေရှည်တွင် လျှော့ချနိုင်မည် ဖြစ်သလို စွမ်းအင်လုံလောက်မှုကိုလည်း တိုးတက်စေနိုင်မည် ဖြစ်ပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင် နှင့် ကိုက်ညီသည့် Green Tourism ဖော်ဆောင်ရာတွင်လည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး နေစွမ်းအင်ကုမ္မဏီက နေရောင်ခြည်သုံး Solar စွမ်းအင်တပ်ဆင်အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ့ခရီးသွား ဘဏ်က Solar စွမ်းအင် တပ်ဆင်အသုံးပြုနိုင်ရေး ချေးငွေဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်း ချက်များကို တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် Solar စွမ်းအင်တပ်ဆင် အသုံးပြုနိုင်ရေး ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: Myanmar Alin

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Posted on May 28, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026
AnnouncementsExplore more >

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏...

Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

Posted on May 29, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

Posted on May 29, 2026

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်