နေပြည်တော်လမ်းလျှောက်သင်္ကြန် သင်္ကြန်အကျနေ့တွင် လာရောက်လည်ပတ်ကြသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကား

နေပြည်တော်လမ်းလျှောက်သင်္ကြန် သင်္ကြန်အကျနေ့တွင် လာရောက်လည်ပတ်ကြသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကား


Ministry of Information/ Naypyitaw / April 15, 2026
image_latest


နေပြည်တော် ဧပြီ ၁၄

နေပြည်တော်ရင်ပြင်၌ကျင်းပသည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ယနေ့သင်္ကြန်အကျနေ့ နံနက်ပိုင်းမှစတင်ကာ လာရောက်လည်ပတ်ကြသူပြည်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။

နေပြည်တော်လမ်းလျှောက်သင်္ကြန်ရှိ မြန်မာ့ရိုးရာသနပ်ခါးနှင့် လက်ဖက်ပွဲတော်မဏ္ဍပ်၊ ထမနဲမဏ္ဍပ်၊ ဝန်ကြီးဌာနအလိုက် သင်္ကြန်မဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ ပါဝင်သည့်အပြင် အစားအစာရောင်းချသည့် ဆိုင်တန်းများ၊ ကလေးငယ်များအတွက် ရေလွှာလျှောစီးနှင့် ပျော့အိကစားကွင်းများကိုလည်း စီစဉ်ပေးထားသည်ကို တွေ့ရသည်။

နေပြည်တော်လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ်ကြသည့် သင်္ကြန်ချစ်ပြည်သူများကို ရေကစားမဏ္ဍပ်များ၌ ပြည်တွင်းမှ နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များအပြင် ဘယ်လာရုစ်နိုင်ငံမှ အနုပညာရှင်များ၊ ကိုရီးယားနိုင်ငံ K-Pop အဆိုတော်များက DJ, Music Band များနှင့်တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုကပြဖျော်ဖြေပေးကြပြီး သင်္ကြန်ချစ်ပြည်သူများက လိုက်ပါသီဆိုကခုန်ရင်း သင်္ကြန်အကျနေ့ကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

အလားတူ ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ်များနှင့် စတုဒိသာမဏ္ဍပ်တို့တွင် လမ်းလျှောက်သင်္ကြန် လည်ပတ်ကြသူများကို မြန်မာ့ရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးကြရာ အားပါးတရနှစ်ခြိုက်စွာ စုဝေးသုံးဆောင်ကြပြီး အစားအသောက်များရောင်းချသည့် ဆိုင်တန်းများတွင် စားသောက်ကုန်များ ပြတ်လပ်သည်အထိ ဝယ်ယူစားသုံးမှုများပြားခဲ့သည်။

နေပြည်တော် လမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများရေကစားနေစဉ် ကျန်းမာရေးကိစ္စတစ်စုံတစ်ရာဖြစ်ပေါ်လာပါက အရေးပေါ်ကုသစောင့်ရှောက် ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများကိုလည်း ဖွင့်လှစ်ထားသည်။

ယနေ့ သင်္ကြန်အကျနေ့တွင် နေပြည်တော်ရှိ အများပြည်သူများ အနားယူအပန်းဖြေနိုင်သည့် ရေပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်နှင့် အမျိုးသားအထိမ်းအမှတ် ဥယျာဉ်စသည့် နေရာများတွင် လည်ပတ်အနားယူအပန်းဖြေကြသည့် ပြည်သူများဖြင့် စည်ကားခဲ့ပြီး နေပြည်တော်အတွင်းရှိ ဘုရားစေတီများတွင်လည်း ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

မင်းကျော်စွာ

ဓာတ်ပုံ - ကျော်ကြီး၊ ဖိုးပြည့်စုံ

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026