နောင်ချိုမြို့၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြား၊ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နောင်ချိုမြို့၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြား၊ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Ministry of Information/ Naypyitaw / August 01, 2025

နေပြည်တော် ဩဂုတ် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါးပိတ်ထားခဲ့ရပြီး ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများကို ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ယနေ့တွင်လည်း ကျောင်းသား/ကျောင်းသူ ၇၄၈ ဦး ထပ်မံ၍ လာရောက်အပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၂၅၆၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထို့အပြင် တပ်မတော်မှ ဆရာဝန်များက ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသားပြည်သူ ၁၈၆ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။
၎င်းအပြင် နောင်ချိုမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အချိန်မီပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက ဆေးရုံပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော် ဆယ်တင်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
Myanmar National Human Rights Commission Statement No. (9/ 2025)
Posted on Aug 2, 2025ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၂၀၂၅ ခုနှစ်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို...
Posted on Aug 1, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ အများသိစေရန် ကြေညာခြင်း
Posted on Aug 1, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ အများသိစေရန် ကြေညာခြင်း