နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်


Ministry of Transport and Communications/ Naypyitaw / September 06, 2025
image_latest


နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။   မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်        နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်        နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Sep 09, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Sep 08, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 07, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Sep 06, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Sep 05, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Sep 04, 2025
AnnouncementsExplore more >

ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်

Posted on Sep 8, 2025

​​​​​​​PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်အရ နိုင်ငံတော်၏စေတနာအမှန်ကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သော PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်များအား မိဘများထံအပ်နှံပြီးဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြည်တွင်း/ပြည်ပပစ္စည်းများဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ

Posted on Sep 8, 2025

​​​​​​​ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉)မျိုးမှ ပစ္စည်း(၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၁၂/၂ဝ၂၅) ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည်-

အငယ်တန်းစာရေးရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

Posted on Sep 8, 2025

အငယ်တန်းစာရေးရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

HOT NEWS
January 4,