နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့် ဂျပန်နိုင်ငံ၊ကိုးရီးယားသမ္မတနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Visa on Arrival (Tourist) ကို (၂၁-၁၀-၂၀၂၅)ရက်မှ(၂၀-၁၀-၂၀၂၆)ရက်အထိ စမ်းသပ်ကာလ(၁)နှစ် ပထမအကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ခွင့်ပြုကြောင်းအသိပေးကြေငြာခြင်း

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်


Ministry of Information/ Naypyitaw / November 08, 2025
image_latest


ဘားအံ နိုဝင်ဘာ ၈

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်၏ကောင်းကျိုးများကို အားသွန်ခွန်စိုက်ကြိုးစားလုပ်ကိုင်ဆောင်ရွက်ပေးကြသည့်အတွက် ယခုဆိုလျှင်ထိုက်သင့်သည့်အောင်မြင်မှုရှိနေပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန်အလားအလာကောင်းများရှိသည့် ပြည်နယ်တစ်ခုဖြစ်လာပြီဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးက နိုးကြားတက်ကြွစွာဖြင့် ပြည်နယ်အကျိုးကိုဆက်လက်သယ်ပိုးဆောင်ရွက်သွားကြရန်၊ ပြည်နယ်ဂုဏ်ဆောင်နိုင်သည့် ထူးချွန်ဆုရရှိကြသူများအနေဖြင့်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ထူးချွန်သူများကိုအားကျအတုယူပြီး ပြည်နယ်ဂုဏ်ဆောင်နိုင်သည့်မျိုးဆက်သစ်များဆက်လက်ပေါ်ပေါက်လာစေကြောင်း ဆန္ဒပြုပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံ့ဂုဏ်ဆောင်နိုင်သူများ၊ ပြည်နယ်ဂုဏ်ဆောင်နိုင်သူများအတွက် ဂုဏ်ပြုဆု၊ ပြည်နယ်အတွင်းလုပ်ငန်းရှင်များအတွက် ကုန်သွယ်လုပ်ငန်းခွန်အများဆုံးထမ်းဆောင်သည့်ဆု၊ ဝင်ငွေခွန်အများဆုံးထမ်းဆောင်သည့်ဆု၊ အထူးကုန်စည်ခွန်အများဆုံးထမ်းဆောင်သည့်ဆု၊ ပြည်နယ်ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် နိုင်ငံတော်အဆင့် ဆောင်းပါးများ၊ စာစီစာကုံးများတွင်ထူးချွန် ဆုရရှိသူများကိုချီးမြှင့်သည့်ဆု၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်အောင်ချက်ကောင်းသောကျောင်းနှင့် မြို့နယ်၊ အမှတ်အများဆုံးရရှိသည့်ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်သည့်ဆု၊ ဌာနဆိုင်ရာများမှ သက်ဆိုင်ရာသင်တန်းများတွင် ထူးချွန်ဝန်ထမ်းများအားချီးမြှင့်သည့်ဆု၊ စိုက်ပျိုးရေးတောင်သူထူးချွန်ဆု၊ မွေးမြူရေးတောင်သူထူးချွန်ဆု၊ အားကစားထူးချွန်ဆု၊ ကြက်ခြေနီထူးချွန်ဆု၊ နိုင်ငံတော်မှကြီးမှူးကျင်းပသည့်(၂၆)ကြိမ်မြောက် အဆို၊အက၊အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်သည့်ဆု၊ ပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်စက်မှုလက်မှုပြခန်းများ အသိပညာပေးပြခန်းများတွင် အကောင်းဆုံးဆောင်ရွက်ခဲ့သည့်ပြခန်းဆုအစရှိသည့် ဆုပေါင်း ၁၅၇ ဆုကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထူးချွန်ဆုရရှိကြသူများနှင့်ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

ဂျပန်နိုင်ငံ၊ကိုးရီးယားသမ္မတနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Visa on Arrival (Tourist) ကို (၂၁-၁၀-၂၀၂၅)ရက်မှ(၂၀-၁၀-၂၀၂၆)ရက်အထိ စမ်းသပ်ကာလ(၁)နှစ် ပထမအကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ခွင့်ပြုကြောင်းအသိပေးကြေငြာခြင်း


Ministry of Hotel & Tourism/ နေပြည်တော် / November 19, 2025