နှစ် (၈၀) ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများက နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်
နှစ် (၈၀) ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများက နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်
Ministry of Information/ Naypyitaw / March 22, 2025

နေပြည်တော် မတ် ၂၂
၂ဝ၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ကြသည်။
စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်း အင်အား (၁၁၃၀) ဦးတို့နှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းအင်အား (၁၀၀) ဦး စုစုပေါင်းအင်အား (၁,၂၃၀) ဦးတို့က ဆေးရုံကြီးဝင်း အတွင်း/အပြင်သန့်ရှင်း သာယာလှပရေးအတွက်ဆောင်ရွက်ခြင်း၊ ဆေးကုသဆောင်နှင့် အဆောက်အဦများပေါ်ရှိ အမှိုက်များ၊ သစ်ရွက်ခြောက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အဦများဘေး ထိစပ်နေသောသစ်ကိုင်းများ၊ သစ်ပင်ကြီးများအား အမြင်တင့်တယ်စေရေး၊ လေဝင်/လေထွက်ကောင်းမွန်စေရေးနှင့် အလင်းပွင့်စေရေးအတွက် ခုတ်ထွင်ဖယ်ရှားရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများဖော်ထုတ်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်ကျော်ကျော်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Posted on Mar 21, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အောင်စာရင်းထုတ်ပြန်မည့်ရက်၊ ကျောင်းစတင်ဖွင့်လှစ်မည့်ရက်၊ ကျောင်းအပ်...
Posted on Mar 19, 2025အခွန်အယူခံခုံအဖွဲ့က ၂၆-၃-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Mar 18, 2025အခွန်အယူခံခုံအဖွဲ့က ၂၆-၃-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း