နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြိတ်မြို့ပြည်သူ့ဆေးရုံကြီး CT Scanner (64 Slices) ကွန်ပျူတာဓာတ်မှန်စက်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြိတ်မြို့ပြည်သူ့ဆေးရုံကြီး CT Scanner (64 Slices) ကွန်ပျူတာဓာတ်မှန်စက်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / March 22, 2025

ရန်ကုန် မတ် ၂၁
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး၌ CT Scanner (64 Slices) ကွန်ပျူတာဓာတ်မှန်စက်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါဆေးရုံကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ တနင်္သာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်နှင့် မြို့နယ်ဌာနအသီးသီးမှ ဧည့်သည်တော်များ၊ မြို့မိမြို့ဖများ၊ တနင်္သာရီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ကွန်ပျူတာဓာတ်မှန် စက်အဆောင်ရှေ့၌ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လူမှုရေးရာဝန်ကြီး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြို့မိမြို့ဖ ဒေါက်တာအောင်လွင်တို့က ကွန်ပျူတာဓာတ်မှန်စက်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ကွန်ပျူတာဓာတ်မှန်စက်အသစ်နှင့် ကျောက်ကပ်သွေးသန့်စင်ခန်းတို့ကို လှည့်လည် ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်အတွင်း နိုင်ငံတော်ခွင့်ပြု ရန်ပုံငွေဖြင့် ဆေးရုံသုံးစက်ပစ္စည်းကိရိယာ တန်ဖိုးငွေကျပ် ၁၆၂ ဘီလီယံကျော်ကို ဝယ်ယူခဲ့ပြီး ပြည်သူ့ဆေးရုံကြီးများတွင် 64 Slice CT Scanner စက်အသစ်များ တပ်ဆင်အသုံးပြုနိုင်ခဲ့ပါကြောင်း၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသည် ခုတင်(၂၀၀)ဆံ့ ဆေးရုံဖြစ်သဖြင့် ဆေးပညာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ အကြောနှင့် ထိခိုက်ဒဏ်ရာ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြား၊ စိတ်ကျန်းမာရေး၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးအထူးကုဌာနများ၊ အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ သွားနှင့် ခံတွင်းဌာန၊ မေ့ဆေးဌာနနှင့် ရောဂါရှာဖွေရေး လုပ်ငန်းများအတွက် ဓာတ်ခွဲဌာနနှင့် ဓာတ်မှန်ဌာနများ ဖွင့်လှစ်၍ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ပုံမှန်ကုသရေးလုပ်ငန်းများအပြင် အရေးပေါ်ဦးနှောက်သွေးခဲခွဲထုတ်ခြင်း (Burr hole surgery)၊ ခွဲစိတ်စရာမလိုဘဲ အဏုစိတ်မှန်ဘီလူးဖြင့် ခွဲစိတ်ကုသမှု (Laparoscopic Surgery)၊ ကျောက်ကပ် သန့်စင်ခြင်း (Haemodialysis) တို့ကိုလည်း ဆောင်ရွက်ပေးနိုင်ကြောင်း၊ ယခုကဲ့သို့ ပိုမိုတိကျစွာ ရောဂါရှာဖွေပေးနိုင်ပြီး ပိုမိုလုပ်ဆောင်နိုင်သည့် 64 Slice CT Scannerကို တပ်ဆင်ပေးနိုင်ခြင်းဖြင့် မြိတ်မြို့ပေါ်သာမက မြိတ်မြို့နှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများအနေဖြင့် ပိုမိုပြည့်စုံ ကောင်းမွန်သော ရောဂါရှာဖွေမှုကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုလို 64 Slice CT Scanner ဖွင့်လှစ်နိုင်ရေးနှင့် ကုသရေးလုပ်ငန်းများအား ပံ့ပိုးကူညီပေးကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆက်လက်ပံ့ပိုးဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားပြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ မြိတ် ခရိုင်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဆေးရုံအတွင်း လူနာဆောင်များ၊ အရေးပေါ်လူနာဌာန၊ ပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်း၊ သွေးလှူဘဏ်နှင့် ဓာတ်မှန်ဌာနများကို လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြိတ်မြို့ သားဖွားသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသားများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ချီးမြှင့်ငွေများကိုလည်းကောင်း၊ မြို့မိမြို့ဖများက ဆန်အိတ်၊ ဆီပုံး၊ ကြက်ဥများကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ သားဖွားသင်တန်းကျောင်း ကျောင်းအုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Posted on May 9, 2025သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။