ပကတိအခြေအနေမှန်ကိုသုံးသပ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

ပကတိအခြေအနေမှန်ကိုသုံးသပ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း


Ministry of Information/ Naypyitaw / July 14, 2025
image_latest


နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့လူဦးရေနေ့သို့ ရောက်သည့်အခါ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရည်ရွယ်သတ်မှတ်ထားသည့် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ပါအတိုင်း အခမ်းအနားများ၊ လှုပ်ရှားမှုများ ပြုလုပ်လေ့ရှိသည်။ မြန်မာနိုင်ငံအတွက် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ကို မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ထင်ဟပ်ပေါ်လွင်စေမည့် ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားသည်မှာ လျော်ကန်သင့်မြတ်ပေသည်။

၂၀၂၄ ခုနှစ်က ကောက်ယူခဲ့သော လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအချက်အလက်များကို ထိထိရောက်ရောက်အသုံးပြုရန်ရည်ရွယ်ပြီး “လူမှုစီးပွားဖွံ့ဖြိုးဖို့၊ သန်းခေါင်စာရင်းအချက်အလက်များကို အသုံးပြုစို့” “From Data to Development: Using Census for Socio-Economic Advancement” ဟု ရွေးချယ်သတ်မှတ်ထားသည်။ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အသုံးဝင်သည့် အချက်အလက်များဖြစ်၍ ယခုနှစ်ဆောင်ပုဒ်သည် အနှစ်သာရပြည့်ဝပေါ်လွင်ထင်ရှားပေသည်။

မြန်မာနိုင်ငံတွင် နိုင်ငံ၏အခြေအနေ အနေအထားသည် ဆယ်စုနှစ်တစ်ကြိမ် အပြောင်းအလဲရှိသည်။ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ၁၀ နှစ်တစ်ကြိမ်ကောက်ယူပြီး စာရင်းဇယားအချက်အလက်များ ပြန်လည်တည့်မတ်ရသည်။ နိုင်ငံတော်အတွက် လိုအပ်မည့် ရေတိုရေရှည်စီမံကိန်းများတွင် အခြေခံအသုံးပြုနိုင်မည့် လူဦးရေကို သိရှိနိုင်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို လေ့လာဆန်းစစ်သုံးသပ်ရာတွင် လိုအပ်သည့်အချက်အလက်များ ရရှိနိုင်ရန် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးနောက် ၁၀ နှစ်ပြည့်သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် သန်းခေါင်စာရင်းထပ်မံကောက်ယူခဲ့သည်။

သန်းခေါင်စာရင်းက ရရှိလာသည့် အချက်အလက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် မျက်မှောက်အခြေအနေကို ပြသခြင်းဖြစ်သည်။ ရရှိလာသည့် အချက်အလက်များကိုအခြေခံ၍ မှန်ကန်သည့်မူဝါဒများ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများချမှတ်နိုင်ရန်နှင့် စီမံကိန်းများ ရေးဆွဲနိုင်ရန် လိုအပ်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် သယံဇာတအရင်းအမြစ်များခွဲဝေရန်၊ ဘဏ္ဍာငွေ ခွဲဝေရန်၊ လိုအပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးနိုင်ရန်၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများ စောင့်ရှောက်နိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် အချက်အလက်များဖြစ်သည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမှရရှိသည့် အချက်အလက်များကို အသေးစိတ်ဆန်းစစ်လေ့လာပြီး မြန်မာနိုင်ငံ၏ မျက်မှောက်အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်မည်ဖြစ်သည်။ နိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေကို ဖော်ပြနေသည့် အချက်အလက်များဖြင့် နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက် ကိုင်တွယ်အသုံးပြုနိုင်မည်ဖြစ်သည်။ ယခုနှစ်ကုန်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ယခုဆယ်စုနှစ်ကာလတွင် ယခင်ဆယ်စုနှစ်များနှင့်မတူ အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးနှင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များကြောင့် နိုင်ငံသားများအပြင် ရုပ်ဝတ္ထုများစွာ အပြောင်းအလဲများဖြစ်ခဲ့သည်။ ဆယ်စုနှစ်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များကြောင့် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမှ ရရှိသည့်အချက်အလက်များကို အသုံးပြုရမည်ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတော်၏ ငွေကြေးအမြောက်အမြားနှင့် လူသားအရင်းအမြစ်များစွာ အသုံးပြုခဲ့ခြင်း၊ အခက်အခဲများစွာကြုံတွေ့ခဲ့ခြင်း၊ အသက်များစွာပေးဆပ်ခဲ့ရခြင်းတို့ကို ဂုဏ်ပြုမှတ်တမ်းတင်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်၏ လက်ရှိပကတိအခြေအနေမှန်ကို သုံးသပ်နိုင်ရန်အတွက် အခက်အခဲပေါင်းများစွာကြားမှ ငွေအား၊ လူအားအသုံးပြုပြီး အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် စာရင်းအင်းကိန်းဂဏန်းအချက်အလက်များကို မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ အချက်အလက်အသုံးပြုသူများ၊ အကောင်အထည်ဖော်သူများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိထိရောက်ရောက်အသုံးပြုနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Posted on Jul 12, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Posted on Jul 11, 2025
AnnouncementsExplore more >

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်

Posted on Jul 13, 2025

နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -

ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ

Posted on Jul 10, 2025

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊  ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -