ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိ ရောင်းချ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိ ရောင်းချ
Ministry of Information/ Naypyitaw / July 07, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆုဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာ ကိုနီသွေး (မန်းမြို့) ၏ “အတိုဆုံးဝတ္ထု၊ အရှည်ဆုံးပြဇာတ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤစာအုပ်တွင် ဝတ္ထုတို ၁၅ ပုဒ် ပါဝင်သည်။ မိဘနှင့်သားသမီးဆက်ဆံရေး၊ ဆရာနှင့် တပည့်ဆက်ဆံရေးနှင့် ညီအစ်ကိုမောင်နှမအချင်းချင်းဆက်ဆံရေးတွင် မေတ္တာအခြေခံသော နားလည်စာနာမှုရှိခြင်းက အထူးအရေးကြီးလှကြောင်း ဖော်ကျူးထားသော ဝတ္ထုများ ပါဝင်သည်။ “မှန်ပြတောင်” တောင်ခြေရှိ တဲကျောင်းလေးနှင့် ဂူတစ်လုံးရှိရာသို့ ၁ဝ ရက်ကြာသွားရောက် တရားအားထုတ်သော သခင်ကိုသူ၏ခွေးကြီးကျားမောင်က ဂူပေါက်ဝတွင် စောင့်၍ အန္တရာယ်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ပုံဝတ္ထုက စိတ်ဝင်စားဖွယ်ကောင်းသည်။ မုဆိုးများ သားကောင်ရှာသည့်အခါ ပြိုင်ဘက်မုဆိုးရှိလာလျှင် ရှောင်ပေးရသော မုဆိုးစည်းကမ်းရှိကြောင်း ရေးဖွဲ့ထားသည့် ဝတ္ထုကလည်း တစ်မူထူးခြားသည်။ မည်သူမဆို အသက်အရွယ်ကြီးရင့်လာလျှင် မိမိဇာတိရွာကိုသာပြန်၍ ခေါင်းချလိုသော လူ့သဘာဝရေးဖွဲ့မှုကလည်း ပီပြင်သည်။ အရက်သမားများ အရက်မူးလာလျှင် ပြုမူတတ်သော အမူအကျင့်ကို ဟာသနှော၍ ရေးဖွဲ့ထားပြီး ခဲဖိုးကိစ္စဖြင့် နှစ်ဖက်မိဘ အသိုင်းအဝိုင်းက မကျေမလည်ငြင်းခုံနေစဉ် သတို့သားနှင့် သတို့သမီးတို့က အိမ်မှတိတ်တဆိတ်ထွက်ပြေးသွားကြပုံ ဝတ္ထုကလည်း ရယ်မောရသည်။ စာရေးသူသည် သူ့ဝတ္ထုများကို ကျစ်ကျစ်လျစ်လျစ်နှင့် လှလှပပဖွဲ့စည်းထားသောကြောင့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ငွေကျပ် ၂၅၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင်ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Posted on Jul 8, 2025ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Posted on Jul 4, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း