ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများ၌ ပြည်တွင်း၊ ပြည်ပခရီးသွား ၂၂၀၀၀ ကျော် လာရောက်အပန်းဖြေ
ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများ၌ ပြည်တွင်း၊ ပြည်ပခရီးသွား ၂၂၀၀၀ ကျော် လာရောက်အပန်းဖြေ
Ministry of Information/ Naypyitaw / January 08, 2026
ရန်ကုန် ဇန်နဝါရီ ၇
၂၀၂၆ ခုနှစ်၏ နှစ်သစ်ကူးပိတ်ရက်အတွင်း ဧရာဝတီတိုင်းဒေသကြီး ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများဖြစ်သော ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါ်ရန်ဂျီကမ်းခြေများသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၂၂၀၀၀ ကျော် လာရောက်အပန်းဖြေခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နှစ်သစ်ကူးပိတ်ရက်ဖြစ်သော ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အထိ ပိတ်ရက်များအတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းခရီးသွား ၁၂၀၀၀ ကျော်၊ ပြည်ပခရီးသွား ၃၉၀ ကျော်၊ ချောင်းသာကမ်းခြေသို့ ပြည်တွင်းခရီးသွား ၉၄၀၀ ကျော်၊ ပြည်ပခရီးသွား ၃၇ ဦး၊ ရွှေသောင်ယံကမ်းခြေသို့ ပြည်တွင်းခရီးသွား ၅၀၀ ကျော်၊ ပြည်ပခရီးသွား ၁၉ ဦး၊ ဂေါ်ရန်ဂျီကျွန်းသို့ ပြည်တွင်းခရီးသွား ၃၂ ဦးတို့ဖြင့် စုစုပေါင်း နှစ်သစ်ဦး ခရီးသွား၂၂၀၀၀ ကျော် လာရောက်အပန်းဖြေခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးသို့ ပြည်တွင်းခရီးသွား ၁၅ သိန်း ၂၆၆၃ ဦး၊ ပြည်ပ ခရီးသွား ၁၈၉၅၆ ဦးဖြင့် စုစုပေါင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၁၅ သိန်းကျော် ဝင်ရောက်ခဲ့သည်။ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ တည်းခိုအနားယူနိုင်ရန် ငွေဆောင်ကမ်းခြေ၌ ဟိုတယ် ၃၈ လုံး၊ တည်းခို ခန်းအလုံး ၇၀၊ ချောင်းသာကမ်းခြေ၌ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၃၂ လုံး၊ တည်းခိုခန်း ၅၅ လုံး၊ ရွှေသောင်ယံကမ်းခြေ၌ ဟိုတယ် ခြောက်လုံး၊ တည်းခိုခန်းသုံးလုံးနှင့် ပုသိမ်မြို့နှင့်အခြားဒေသများ၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၉ လုံး၊ တည်းခိုခန်း ၃၁၅ လုံး ဖွင့်လှစ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူဦးထံမှ သိရသည်။
နှစ်သစ်ကူးပိတ်ရက်ရှည်ကာလ၌ ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများသို့ ပြည်ပနိုင်ငံပေါင်း ၁၃ နိုင်ငံမှ နိုင်ငံခြားခရီးသွားများ လာရောက်အပန်းဖြေခဲ့ကြပြီး အထူးသဖြင့် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားများ အများဆုံး ဝင်ရောက်ခဲ့သည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
