ပင်လယ်ပြင်ငါးဖမ်းရာသီပြန်ဖွင့်ချိန် ငါးဖမ်းစက်လှေများ ရန်ကုန်ဆိပ်ကမ်းများသို့ စတင်ဝင်ရောက်
ပင်လယ်ပြင်ငါးဖမ်းရာသီပြန်ဖွင့်ချိန် ငါးဖမ်းစက်လှေများ ရန်ကုန်ဆိပ်ကမ်းများသို့ စတင်ဝင်ရောက်
Ministry of Information/ Naypyitaw / July 14, 2025

ရန်ကုန် ဇူလိုင် ၁၃
ပင်လယ်ပြင်ငါးဖမ်းရာသီကို ဇူလိုင် ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ရာသီဥတုပြင်းထန်မှုကြောင့် ပင်လယ်ပြင်လှိုင်းလေထန်နေသော်လည်း ငါးဖမ်းစက်လှေ ၃၀ ရာခိုင်နှုန်းက ဖမ်းဆီးရမိသော ရေထွက်ကုန်များ ဇူလိုင် ၁၂ ရက်တွင် ရန်ကုန်ငါးဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ရန်ကုန်မြို့ ကြည့်မြင်တိုင်ငါးဈေးမှ သိရသည်။
ယခုနှစ် ငါးဖမ်းရာသီပြန်ဖွင့်သော ဇူလိုင်လပထမပတ်မှစ၍ ယနေ့အထိ ပင်လယ်ပြင်တွင် လှိုင်းလေထန်ပြီး ရေစီးမမှန်သည့်အတွက် ငါးအထိအမိနည်းသောကြောင့် ရန်ကုန်မြို့ရှိ ငါးဖမ်းစက်လှေ ၉၀၀ ခန့်အနက် ၃၀ ရာခိုင်နှုန်းသာ ပင်လယ်ပြင်သို့ ထွက်နိုင်ခြင်းဖြစ်သည်။
“ဒီနှစ်ငါးဖမ်းရာသီ ပြန်ဖွင့်တာနဲ့ ပင်လယ်ပြင်မှာ လှိုင်းလေကြီးတာ ကြုံရတာ ယနေ့အထိပဲ။ လှိုင်းကြီးတော့ ငါးအထိအမိနည်းတယ်။ ရန်ကုန်မှာရှိတဲ့ ငါးဖမ်းစက်လှေအားလုံးထဲက ၃၀ ရာခိုင်နှုန်းပဲ ပင်လယ်ထွက်နိုင်တယ်။ လှိုင်းဘယ်တော့ရပ်မလဲ မှန်းလို့မရနိုင်တာကြောင့် ပင်လယ်ပြင်ထွက်မယ့် စက်လှေတွေ အသင့်ရှိနေကြပါတယ်။ ဇူလိုင် ၁ ရက်က ထွက်သွားတဲ့ စက်လှေတွေ မနေ့က ဆိပ်ကမ်းဝင်လာကြပါပြီ။ ဈေးကွက်ထဲမှာ ရေငန်ထွက်ကုန်တွေ စတင် အသက်ဝင်လာပါပြီ”ဟု ငါးဖမ်းစက်လှေအသင်းအတွင်းရေးမှူး ဦးကျော်နိုင်က ပြောသည်။
ဖမ်းဆီးလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီးမှ ငါးဖမ်းစက်လှေများသည် ဧရာဝတီတိုင်းဒေသကြီး ပင်လယ်ပြင်နှင့် မြိတ်မှ ငါးဖမ်းစက်လှေများသည် တနင်္သာရီပင်လယ်ပြင်တို့တွင် ရေထွက်ကုန်များကို ဖမ်းယူလျက်ရှိပြီး မြန်မာနိုင်ငံတွင် ငါးဖမ်းစက်လှေပေါင်း ၃၀၀၀ ကျော်မှ တနင်္သာရီတိုင်းဒေသကြီးရှိ ငါးဖမ်းစက်လှေအချို့လည်း ပင်လယ်ပြင်တွင် ငါး/ပုစွန် ဖမ်းဆီးလျက်ရှိသည်။
ရန်ကုန်မြို့ ပုဇွန်တောင်ဆိပ်ကမ်းရှိ ညောင်တန်းဗောတံတားနှင့် ကြည့်မြင်တိုင်အမ်အန်ဂျီဆိပ်ခံတံတားသို့ ငါးသယ်စက်လှေများ ဇူလိုင် ၁၂ ရက်တွင် စတင်ဝင်ရောက်ခဲ့သည်။
“ငါးဖမ်း စက်လှေတွေက ပင်လယ်ပြင်ရာသီဥတု သာယာမှုမရှိတာကြောင့် သုံးစင်းမှာတစ်စင်းပဲ ထွက်တာပါ။ ဒီနေ့မှာ ငါးသယ်စက်လှေတွေ ဝင်လာကြပြီး ရေငန်ထွက်ကုန်အမယ် ၃၀ နီးပါး ဆိပ်ကမ်းကို ဝင်လာပါပြီ။ ရေငန်ထွက်ကုန်ဝင်လာပြီဆိုတော့ ရေချိုငါးဈေးနှုန်း ကျသွားနိုင်ပါတယ်” ဟု ကြည့်မြင်တိုင်စံပြငါးဈေးရှိ အမ်အန်ဂျီဆိပ်ကမ်းမှ ရေလုပ်ငန်းရှင် ဒေါ်တင်နွဲ့ကပြောသည်။
အောင်သန်းဦး
ဓာတ်ပုံ - ကိုကိုလွင်
ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်
Posted on Jul 13, 2025နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -
အသိပေးကြေညာခြင်း
Posted on Jul 11, 2025ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
Posted on Jul 10, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -