ပညာတတ်နိုင်ငံသူ၊ နိုင်ငံသားများ အများအပြားပေါ်ထွန်းလာရေး

ပညာတတ်နိုင်ငံသူ၊ နိုင်ငံသားများ အများအပြားပေါ်ထွန်းလာရေး


Ministry of Information/ Naypyitaw / July 28, 2025
image_latest


၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းအပြီး ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး ယခုနှစ်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းဖြစ်သည်ဟု သိရသည်။ ထုတ်ပြန်ကြေညာလိုက်သည့် အောင်စာရင်းသည်ပြီးခဲ့သည့် မတ်လတွင် ပုံမှန်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီးဘေးဒဏ်ခံခဲ့ရသော တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ပြီးခဲ့သည့်ဇွန်လတွင် ပြန်လည်ကျင်းပပေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတို့မှ အောင်စာရင်းများပါ တစ်ပြိုင်တည်းထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၂၀၇၈၉၈ ဦးရှိသည့်အနက် ၉၉၉၂၄ ဦး အောင်မြင်ခဲ့ခြင်းဖြစ်ရာ ကျောင်းသား ကျောင်းသူတစ်သိန်းနီးနီးတို့မှာ တက္ကသိုလ်အသီးသီးတွင် တက်ရောက်၍ အဆင့်မြင့်ပညာသင်ယူ၍ ပညာရေးခရီးဆုံးအထိ ဆက်လက်လျှောက်လှမ်းကြမည်ဟု မျှော်လင့်မိသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၁၂၈၈၂၀ ဦး ရှိခဲ့ပြီး ၇၄၅၉၂ ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၉ ရာခိုင်နှုန်းဖြစ်သည်။ ယခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း လျော့နည်းသွားခဲ့သော်လည်း ဝင်ရောက်ဖြေဆိုသူဦးရေနှင့် အောင်မြင်သူဦးရေတို့မှာ ၂၀၂၄ ခုနှစ်ကထက် ပိုမိုများပြားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိသည့်အနက် လူသုံးသန်းခန့်သည်သာ ဘွဲ့ရသူများဖြစ်ကြသည်။ ဘွဲ့ရနှင့် နည်းပညာ၊ သက်မွေးပညာသင်တန်းကျောင်း၊ ဒီပလိုမာရသူများ အားလုံးပေါင်းပါမှ နိုင်ငံ့လူဦးရေ၏ ၁၃ ရာခိုင်နှုန်းသာရှိသည်။ ကျောင်းသားအများစုမှာ မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းကြောင့် နိုင်ငံ့အနာဂတ်အတွက် လူ့စွမ်းအားအရင်းအမြစ်အခြေအနေမှာ စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ ပညာသင်ကြားမှုများ ပြီးဆုံးသည့်အရွယ်ဖြစ်သော အသက် ၂၅ နှစ်အထက် လူဦးရေ ၂၅ ဒသမ ၁၇ သန်းခန့်တွင် မူလတန်းနှင့် အလယ်တန်းပညာရေးအဆင့်သာရှိသူ ၇၀ ရာခိုင်နှုန်းခန့်ရှိနေရာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသူများအားလုံး အဆင့်မြင့်ပညာရေးကို မဖြစ်မနေပြီးမြောက်အောင် ဆက်လက်ကြိုးစားသင်ယူကြရန်လိုသည်။

“အဆင့်မြင့်ပညာရပ်များကို သင်ယူခြင်းသည် ဘွဲ့အဆင့်အတန်းတစ်ခု ရရှိရန်အတွက်သာမဟုတ်ဘဲ လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေပြီး ဘက်စုံအသိဉာဏ်ကြွယ်ဝသည့် နိုင်ငံသားများပေါ်ပေါက်စေကြောင်း၊ အရည်အသွေးရှိသည့် အဆင့်မြင့်ပညာရပ်များကို နှံ့စပ်စွာ တတ်မြောက်ထားသည့် ဘွဲ့ရပညာတတ်များစွာ ပေါ်ထွက်လာမှသာ နိုင်ငံအတွက် ပိုမိုအကျိုးရှိနိုင်မည်ဖြစ်ကြောင်း။” မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄) ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ရာ အဆင့်မြင့်ပညာများကို ထူးထူးချွန်ချွန် ထွန်းထွန်းပေါက်ပေါက် ပြီးမြောက်သည်အထိ သင်ယူခြင်းဖြင့် မိမိအတွက်ရော နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်သည်ကို သတိမူကြရန်ပင်ဖြစ်သည်။

ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုမြင့်မားသည့် နိုင်ငံများသည် ပညာတတ်နိုင်ငံသားများ အမြောက်အမြားရှိနေသည့် နိုင်ငံများပင်ဖြစ်သည်မှာ ထင်ရှားသည်။ နှစ်စဉ်တက္ကသိုလ်ဝင်တန်း အောင်မြင်လာသည့် ကျောင်းသား ကျောင်းသူတိုင်း တက္ကသိုလ်ပညာရေးကို မပျက်မကွက်သင်ယူကာ နိုင်ငံတွင် ပညာတတ်အမြောက်အမြားပေါ်ထွန်းလာရေး၊ အမျိုးသားပညာရေးအဆင့် အတန်းမြင့်မားလာရေးအတွက် တစ်မျိုးသားလုံးက ပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -