ပညာတန်ဆောင် အလင်းရောင်ထွန်းညှိ

ပညာတန်ဆောင် အလင်းရောင်ထွန်းညှိ


Ministry of Information/ Naypyitaw / June 27, 2025
image_latest


မျက်မှောက်ကမ္ဘာတွင် လူဟူ၍ဖြစ်လာသည်နှင့် ပညာတတ်ရန် လိုအပ်လာသည်။ လူ့ဘဝတွင် ရှင်သန်ရပ်တည်နိုင်ရန် ရှေးယခင်ကဆိုလျှင် သေစာရှင်စာဟုဆိုကြသည့် အခြေခံအရေး၊ အဖတ်အတွက် တတ်မြောက်လျှင် လုံလောက်သော်လည်း ယနေ့ခေတ်တွင်မူ အနည်းဆုံးအခြေခံပညာအလယ်တန်းပြီးမြောက်အောင် သင်ကြားထားကြရန်လိုသည်။ KG+9 လောက်တော့ အောင်ထားမှသာ လူတန်းစေ့မည်။

ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးအတွက် နိုင်ငံတော်က အဘက်ဘက်မှ ဖြည့်ဆည်းပေးလျက်ရှိပြီး ကလေးတိုင်းကျောင်းအပ်နှံကြရန်လည်း တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ပေးသည့်တိုင်အောင် ရာနှုန်းပြည့်ကျောင်းအပ်နှံမှုများ မပြုကြသေး။ ကျောင်းနေအရွယ်ရောက်ရှိနေပြီဖြစ်သည့် ကလေးများ၊ ကျောင်းနေလက်စကလေးများကို စာသင်ခန်းများဆီသို့ မရောက်ရောက်အောင် ပို့ပေးရမည့်သူများမှာ မိဘများ သို့မဟုတ် အုပ်ထိန်းသူများပင်ဖြစ်သည်။ မသင်မနေရအခမဲ့ပညာရေးစနစ်တွင် ကလေးများကို ကျောင်းမတက်စေဘဲ မိသားစုအလုပ်များတွင် ခိုင်းစေခြင်း၊ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေစေခြင်း စသည်တို့က ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး ၎င်းတို့၏ အနာဂတ်အတွက်လည်း နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေသည်။

မိမိတို့နိုင်ငံတွင် စာမတတ်သူနှင့် ပညာရေးနိမ့်ကျသူ များပြားနေကြောင်း နိုင်ငံတော်အကြီးအကဲ၏မိန့်ခွန်းများတွင် မကြာခဏတွေ့ရှိရသည်။ စာမတတ်သူနှင့် ပညာနိမ့်ပါးသူတို့များပြားခြင်းက နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးကို ကြီးမားစေသည်။ နိုင်ငံတည်ဆောက်ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မရှိမဖြစ်လိုအပ်သည်။ တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကို ပညာနိမ့်ကျသူတို့နှင့် ဖြည့်ဆည်း၍မရ။ စာမတတ်သူများပြားခြင်း၊ အလုပ်လက်မဲ့ပေါများခြင်းတို့က ရာဇဝတ်မှုများကို ထူပြောစေပြီး လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများကိုလည်း ပိုမိုအားကောင်းလာစေသည်။ လူညံ့၊ လူဆိုးများ အင်အားကြီးမားသည်နှင့်အမျှ လူ့အဖွဲ့အစည်းကို ပြန်လည်ခြိမ်းခြောက်ပြီး အန္တရာယ်ပေးလာနိုင်သည်။

မိမိတို့နိုင်ငံတွင် လူဦးရေစုစုပေါင်း ၅၁ သန်းကျော်ရှိသည့်အနက် ဘွဲ့ရသူမှာ သုံးသန်းခန့်သာရှိသည်။ မဟာဘွဲ့၊ ပါရဂူဘွဲ့များဆိုလျှင်သည့်ထက်နည်းပါးမည်ဖြစ်သည်။ အသက် ၂၅ နှစ်အထက် လူဦးရေ ၂၅ သန်းကျော်ရှိရာ ၎င်းလူဦးရေ၏ သုံးပုံနှစ်ပုံကျော်သည် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်မှာ ကျောင်းထွက်ထားကြသူများဖြစ်သည်။ အ‌များစုက အခြေခံပညာမူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းဖြစ်သည်။ ကျောင်းပညာကို ပြီးဆုံးအောင် မသင်ကြခြင်း၏ အကြောင်းရင်းများတွင် မိသားစုစားဝတ်နေရေးအဆင်မပြေခြင်း၊ မိသားစုဝင်တစ်ဦးဦးကျန်းမာရေးမကောင်းခြင်း၊ မိသားစုအတွက် ဝင်ငွေရှာပေးရန် လိုအပ်ခြင်း၊ ကျောင်းသွားရန်ဝေးလံခြင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်း စသည့်အကြောင်းများ ယခင်ကရှိခဲ့ရာမှ ယခုအခါတွင်ကျောင်းမတတ်ရန်၊ စာမေးပွဲမဖြေရန် ခြိမ်းခြောက်ခြင်း၊ ဆရာ ဆရာမများ အကြမ်းဖက်သတ်ဖြတ်ခံရခြင်း၊ စာသင်ကျောင်းများတွင် လက်နက်ကိုင်အကြမ်းဖက်သောင်းကြမ်းမှုများက အခြေစိုက်စခန်းချခြင်း၊ လက်နက်ခဲယမ်း မီးကျောက်များထုတ်လုပ်သည့် အလုပ်ရုံအဖြစ်အသုံးချခြင်း စသည်တို့ကလည်း ကျောင်းသားကျောင်းသူများ ကျောင်းနေရေးကို အဟန့်အတားဖြစ်စေသည်။

“ပညာသမာ အာဘာနတ္ထိ-ပညာနှင့်တူသော အလင်းရောင်သည်မရှိ” ဟူ၍ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ရာ ပညာတန်ဆောင်အလင်းရောင်ဖြင့် ဘဝကိုအောင်မြင်စွာ တည်ဆောက်နိုင်ရေး၊ ပညာအလင်းကင်းမဲ့စွာဖြင့် အမိုက်မှောင်တွင်း သက်ဆင်းကျရောက်မသွားစေရေး၊ အသိပညာရှင်၊ အတတ်ပညာရှင်တစ်ဦးအဖြစ် နိုင်ငံကို အလုပ်အကျွေးပြုနိုင်ရေးအတွက် ကျောင်းနေအရွယ်တိုင်း မပျက်မကွက် ကျောင်းတက်စာသင်ကြရပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jun 25, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Jun 25, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း