ပန်းတောင်းမြို့နယ်၌ ရခိုင်ပြည်နယ်သို့သယ်ဆောင်မည့် ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းဖမ်းဆီးရမိ
ပန်းတောင်းမြို့နယ်၌ ရခိုင်ပြည်နယ်သို့သယ်ဆောင်မည့် ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / August 03, 2025

နေပြည်တော် ဩဂုတ် ၂
ပန်းတောင်းမြို့နယ်၌ ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၁ ရက် ည ၉ နာရီခွဲတွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ပန်းတောင်းမြို့နယ် ပုသိမ် - မုံရွာလမ်း၊ ရေကျော်ကျေးရွာလမ်းဆုံအနီးတွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂ သန်း (၎င်းဒေသ တန်ဖိုးငွေကျပ် ၃ ဘီလီယံခန့်) ဖမ်းဆီးရမိခဲ့ သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်မှ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်သို့ စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်းနှင့် ပူးပေါင်းပါဝင်သူ ခင်မောင်လွင် တို့အား မင်္ဂလာဒုံမြို့နယ်ဈေးရပ်ကွက် မြို့ပတ်လမ်းရှိ နေအိမ်တွင်လည်းကောင်း၊ စိတ်ကြွရူးသွပ် ဆေးပြားများအား နေအိမ်၌ သိမ်းဆည်းထားခဲ့ပြီး ရန်ကုန်မှ ကြံခင်းမြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့သူ မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက်ရှိ ကိုကိုနိုင်၏ နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မြတ်မင်းအား CANTER BOX ယာဉ်၊ MINICAB ယာဉ် နှစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကြံခင်းမြို့မှ ပန်းတောင်းမြို့နယ်သို့ လီဖန်း မော်တော်ယာဉ်ဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခဲ့သူ ကြံခင်းမြို့နယ် သဲဖြူကျေးရွာ နေ စိုးမင်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခဲ့သည့် LIFAN အမျိုးအစား မော်တော်ယာဉ်တစ်စီးအား ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်သူ တင်အောင်မိုး၏ အစီအမံဖြင့် မင်းစည်သူနှင့် ဖိုးအေးတို့က ရန်ကုန်မြို့၌ ပန်းတောင်းမြို့နယ်နှင့် မင်းတုန်းမြို့နယ်ကြားရှိ နယ်စပ်သို့ တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်းထံ လွှဲအပ်ခဲ့ပြီး ကျော်ကျာ်ဝင်း၊ ကိုကိုနိုင်နှင့် မြတ်မင်းတို့သည် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မြို့ရှိ ကိုကိုနိုင်၏ နေအိမ်တွင် ခေတ္တသိမ်းဆည်းထားခဲ့ပြီး ရန်ကုန်မှ ကြံခင်းမြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြောင်း၊ ကြံခင်းမှပန်းတောင်းသို့ LIFAN ယာဉ်ပိုင်ရှင် စိုးမင်းနှင့် ယာဉ်မောင်း တင့်ဆွေတို့က ဆက်လက်သယ်ဆောင်ခဲ့ကြပြီး ပန်းတောင်းမြို့နယ်မှတစ်ဆင့် ရဲနိုင်နှင့် မိုးထိတို့က ရခိုင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၂၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Posted on Aug 4, 2025စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။
အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်
Posted on Aug 4, 2025၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များသိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ
Posted on Aug 4, 2025၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများသိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmar earthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။