ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို မြို့နယ်ပေါင်း(၁၀၀)မြို့နယ်၌ ကျင်းပပြုလုပ်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို မြို့နယ်ပေါင်း(၁၀၀)မြို့နယ်၌ ကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / January 11, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း (၁၀၀)မြို့နယ်အတွင်း သတ်မှတ်မဲရုံအသီးသီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့တွင် ဆက်လက်ပြုလုပ်ရာ ကချင်ပြည်နယ်တွင် မချမ်းဘော့မြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်၊ ကယားပြည်နယ်တွင် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်၊ ကရင်ပြည်နယ်တွင် ဖာပွန်မြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြင်းမူမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ်နှင့် ရေဦးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရေဖြူမြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ဒိုက်ဦးမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ ရေတာရှည်မြို့နယ်၊ ဇီးကုန်မြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်မြို့နယ်၊ မိုးညိုမြို့နယ်နှင့် မင်းလှမြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ဂန့်ဂေါမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်၊ ငဖဲမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်၊ မင်းလှမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် စဉ့်ကိုင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တံတားဦးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ အမရပူရမြို့နယ်နှင့် မတ္တရာမြို့နယ်၊ မွန်ပြည်နယ်တွင် ဘီးလင်းမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဗဟန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ လှိုင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ကိုကိုးကျွန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်၊ ရှမ်းပြည်နယ်တွင် ရွာငံမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ကလောမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ ရပ်စောက်မြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းပန်မြို့နယ်၊ မောက်မယ်မြို့နယ်၊ မိုင်းကိုင်မြို့နယ်နှင့် လဲချားမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် အိမ်မဲမြို့နယ်၊ စုစုပေါင်းမြို့နယ်ပေါင်း(၁၀၀)မြို့နယ်၌ ကျင်းပပြုလုပ်ကြပြီး အဆိုပါမြို့နယ်များရှိ သတ်မှတ်မဲရုံအသီးသီး၌ ဒေသခံတိုင်းရင်းသားပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM) အသုံးပြု၍ ဆန္ဒမဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

ထိုသို့ ဆန္ဒမဲပေးခြင်းများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဒေသခံတိုင်းရင်းသားပြည်သူများက သတ်မှတ်မဲရုံအသီးသီး၌ စနစ်တကျဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားအရာရှိ၊ စစ်သည်၊ မိသားစုများကလည်း သက်ဆိုင်ရာမဲရုံများသို့ သွားရောက်၍ စနစ်တကျဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကြသည်။

ထိုသို့ ဆန္ဒမဲလာရောက်ပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်၊ အေးချမ်းစွာနှင့် အဆင်ပြေချောမွေ့စွာဆန္ဒမဲပေးနိုင်ရေးအတွက် လိုအပ်သည့်မော်တော်ယာဉ်များ၊ ကျန်းမာရေးကဏ္ဍအတွက်ဆေးအဖွဲ့များနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို မဲရုံအသီးသီး၌ ကြိုတင်ပြင်ဆင်ထားရှိကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

မဲပေးမှုပြီးဆုံးချိန်တွင် မဲရုံမှူးများနှင့် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ရှေ့မှောက်၌ မဲပေးစက်(Control Unit)မှ ရလဒ်များကို ထုတ်ယူကာ စနစ်တကျရေတွက်ခြင်းနှင့် ကြိုတင်မဲများကို စနစ်တကျရေတွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။

ထို့သို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပမှုနဲ့ပတ်သက်၍ မဲရုံအသီးသီးတွင် လာရောက်မဲပေးကြသည့်မဲဆန္ဒရှင်ပြည်သူများရဲ့ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်။

ယနေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၏ လွတ်လပ်စွာဆန္ဒမဲပေးနေမှုများကို ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ သံရုံးယာယီတာဝန်ခံများနှင့် တာဝန်ရှိသူများက မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးနေမှုများကို သွားရောက်လေ့လာစောင့်ကြည့်၍ သတင်းရယူခဲ့ကြကြောင်းနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။