ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပပြုလုပ်စဉ် အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားအုပ်စုက အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီး

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပပြုလုပ်စဉ် အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားအုပ်စုက အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီး


Ministry of Information/ Naypyitaw / January 12, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၂

နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် `ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေးအတွက် အဓိကျသည့် လုပ်ငန်းစဉ်ဖြစ်သည့် ပါတီစုံအထွေထွေဒီမိုကရေစီရွေးကောက်ပွဲကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် အပိုင်းလိုက်ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ထိုသို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်ဆီးလိုသူများ၊ အစိုးရနှင့် ပြည်သူတို့၏ လက်တွဲညီစွာ ကြိုးပမ်းဆောင်ရွက်မှုများကို မလိုလားဘဲ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို ပျက်စီးစေပြီး ရွေးကောက်ပွဲအထမမြောက်စေလိုသူ အကြမ်းဖက်သမားများက အေးချမ်းစွာ ဆန္ဒမဲပေးမှုများ ဆောင်ရွက်နေကြသည့် မဲဆန္ဒရှင်ပြည်သူများ အထိတ်တလန့်ဖြစ်စေ ရေးအတွက် နှောင့်ယှက်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပသည့် ဇန်နဝါရီ ၁၁ ရက်တွင် ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများ သေဆုံး၊ ဒဏ်ရာရ၊ အထိတ်တလန့်ဖြစ်စေပြီး ရွေးကောက်ပွဲအထမမြောက်စေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားအုပ်စုသည် ကယားပြည်နယ်၊ ဖရူဆိုမြို့အတွင်းသို့ Drone များအသုံးပြု၍ Drop Bomb ချတိုက်ခိုက်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးအုပ်စု၊ တောင်သုံးလုံးကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်အား မီးရှို့ဖျက်ဆီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ဆိပ်ဖြူမြို့၊ စလင်းမြို့နှင့် ကံမမြို့များအတွင်းသို့ Fixed Wing များ၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ ဘုတလင်မြို့နှင့် မြင်းမူမြို့များအတွင်းသို့ လက်လုပ်ရှော့ တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့အတွင်းသို့ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြသဖြင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ဝန်ထမ်း ၂ ဦးနှင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူအုပ်စုများအနေဖြင့် ပြည်သူလူထုက လိုလားတောင့်တနေသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်သည့် လမ်းကြောင်းဖြစ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်မှုမရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုမရှိစေရေး၊ အစိုးရနှင့်ပြည်သူလက်တွဲ၍ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့တွင် နှောင့်နှေးစေရေးနှင့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များ ထိခိုက်ပျက်စီးစေရန်အတွက် ရွေးကောက်ပွဲအကြိုကာလများမှစတင်၍ အသံမိုင်းများ၊ လက်လုပ်မိုင်းများနှင့် Drop Bomb များဖြင့် ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်း၊ ပြည်ဖျက်ပြည်ပြေးမီဒီယာများမှတဆင့် မမှန်မကန်ဝါဒဖြန့် လုပ်ကြံရေးသားဖြန့်ဝေခြင်းစသည်ဖြင့် နည်းမျိုးစုံဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသော်လည်း ပြည်သူလူထုဘဝတည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အစိုးရနှင့် ပြည်သူလက်တွဲ၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင်လည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁)နှင့် အပိုင်း (၂)ကို နှောင့်ယှက်ဖျက်ဆီးမှုများအကြားမှ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပြီး သိမ်မွေ့သော နည်းလမ်းဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် ဒီမိုကရေစီစနစ်ကို ထောက်ခံကြိုဆိုကြသည့်၊ နိုင်ငံတော်အေးချမ်းသာယာမှုနှင့် ပြည်သူလူထု၏ လူမှုဘဝတိုးတက်မြင့်မားမှုကို လိုလားကြသည့် တာဝန်သိပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများ၊ သံသယဖြစ်ဖွယ်ရာများကို တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အချိန်နှင့် တပြေးညီဆက်သွယ်သတင်းပေးပို့နိုင်ပါရန် မြဝတီရုပ်မြင်သံကြားမှ တိုက်တွန်းသတင်းထုတ်ပြန်အပ်ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။