ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ


Ministry of Information/ Naypyitaw / January 13, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၃

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြဝတီရပ်ကွက်နေ ဦးခင်မောင်မောင်သွင် (၄၂)နှစ်သည် ၎င်းအသုံးပြုသည့် "Khin Mg Mg Thwin" Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေသည့် စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ခင်မောင်မောင်သွင်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ကန်ကြီးထောင့်မြို့မရဲစခန်း(ပ)၇/၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း။

အလားတူ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ကနောင်စုရပ်ကွက်နေ ဒေါ်မြသီတာ (၄၁)နှစ်သည် ၎င်းအသုံးပြုသည့် "Mya Thida” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေသည့် စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် မြသီတာအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဟင်္သာတမြို့မရဲစခန်း (ပ)၁၀/ ၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့်လည်းကောင်း။

အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့တော်ခန်းမရှေ့၌ အမျိုးသားတစ်ဦး ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်နေ မင်းထက်(ခ) ကိုမင်း (၂၂)နှစ်သည် မြို့တော်ခန်းမရှေ့ ဝင်ပေါက်အနီး၌ "Reject the illegal election” ဟု ရေးသားထားသည့် အဖြူရောင်ကတ္ထူစက္ကူအား ကိုင်ဆောင်ကာ ဆန္ဒပြနေသည်ကိုတွေ့ရှိရသဖြင့် ၎င်းအား ကျောက်တံတားမြို့မရဲစခန်း (ပ)၅/၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့်လည်းကောင်း။

အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာနေ ကိုမျိုး (၄၇)နှစ်သည် အရက်သေစာသောက်စားမူးယစ်၍ ရွေးကောက်ပွဲမဲရုံအဖြစ် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာမူလတန်းကျောင်းရှေ့သို့ ရောက်ရှိလာပြီး မဲပေးရန်လာရောက်ကြသူများအား ဆန္ဒမဲမပေးနိုင်စေရန် ပြောဆိုဟန့်တားနှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းအားဇန်နဝါရီလ ၁၁ ရက်နေ့တွင် မုတ္တမနယ်မြေရဲစခန်း (ပ)၄/၂၀၂၆၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်ဖမ်းဆီးပြီး တရားခံများအား ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။