ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ညောင်ရွှေမြို့နယ်မှ ဒေသခံလူငယ်များ၏ စကားသံများ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ညောင်ရွှေမြို့နယ်မှ ဒေသခံလူငယ်များ၏ စကားသံများ


Ministry of Information/ Naypyitaw / January 26, 2026
image_latest


ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မြန်မာနိုင်ငံရှိ မြို့နယ် ၆၁ မြို့နယ်၌ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပရာ မြို့နယ်များဖြစ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်မှ ဒေသခံမဲဆန္ဒရှင်ပြည်သူများ၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် အမြင်သဘောထားများကို စုစည်းဖော်ပြလိုက်ပါသည်။

မောင်ဝင်းထက်ဗိုလ် (နန္ဒဝန်ရပ်ကွက်၊ ညောင်ရွှေမြို့)

ကျွန်တော်က ပထမဆုံးဆန္ဒမဲပေးတာဖြစ်ပါတယ်။ မဲပေးတဲ့အခါမှာ ကိုယ်ကြိုက်တဲ့၊ ကိုယ်ရွေးချယ်ထားတဲ့ ပါတီကိုပဲလွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ပါတယ်။ လူငယ်တစ်ဦးအနေနဲ့ ရွေးကောက်ပွဲကနေ လူငယ်တွေအတွက် အကောင်းဆုံးကို ဖန်တီးပေးနိုင်မယ့် အစိုးရတစ်ရပ် ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ပါတယ်။

မဇင်မာထွန်း (လက်ခုပ်ပင်ရွာ၊ ညောင်ရွှေမြို့နယ်)

ဆန္ဒမဲပေးနိုင်ဖို့ မဲရုံကိုရွာကနေ အစောကြီးလာခဲ့တာပါ။ ကျွန်မအသက်က ၁၉ နှစ်ပါ။ ပထမဆုံးမဲပေးတဲ့ အတွေ့အကြုံမှာ စက်နဲ့ မဲပေးရမယ်ဆိုတော့ စိတ်ဝင်စားတယ်။ စက်နဲ့ မဲပေးတဲ့အခါမှာလည်း လွယ်ကူအဆင်ပြေပါတယ်။ ကိုယ်တိုင်ဆန္ဒပြုရွေးချယ်တဲ့အခါမှာ လူငယ်တွေအတွက်၊ နိုင်ငံအတွက် အကျိုးပြုဆောင်ရွက်မယ့် သူတွေကိုပဲ ရွေးချယ်ဆန္ဒပြုခဲ့ပါတယ်။

မအေးမြတ်သူ (နန္ဒဝန်ရပ်ကွက်၊ ညောင်ရွှေမြို့)

မိသားစုနဲ့အတူ လာ‌ရောက်ပြီး ဆန္ဒမဲပေးတာပါ။ ကိုယ်တိုင် သေချာစဉ်းစားပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့်သူတွေကိုပဲ ရွေးချယ်မဲပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ရွေးချယ်မှုကနေ အကောင်းဆုံးတွေဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ မဲပေးတဲ့အခါမှာ မဲပေးစက်နဲ့ မဲပေးခဲ့ရတဲ့အတွက် အခက်အခဲမရှိပါဘူး။ မဲပေးရတာအားလုံးအဆင်ပြေပါတယ်။

မဆောင်းနှင်းဖြူ (နန္ဒဝန်ရပ်ကွက်၊ ညောင်ရွှေမြို့)

လူငယ်တစ်ဦးအတွက် ထူးခြားတဲ့ ပထမဆုံးမဲပေးမှုအတွေ့အကြုံလို့ ပြောလို့ရပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ နိုင်ငံအတွက် ကိုယ့်ဆန္ဒနဲ့အညီ ပေးခွင့်ရတယ်။ မဲပေးတဲ့အခါမှာလည်း ကိုယ့်ဆန္ဒပြုချင်တဲ့သူကို လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ တာဝန်ကျေပွန်တယ်လို့ ခံစားရပါတယ်။ ရွေးကောက်ပွဲကနေ အဓိကလူငယ်တွေအတွက် မျှော်လင့်တာပါ။ ပညာရေးကဏ္ဍနဲ့ အလုပ်အကိုင်အခွင့် အလမ်းကဏ္ဍကို ဖော်ဆောင်မယ့်သူမျိုးကို ရွေးချယ်ဆန္ဒမဲပေးခဲ့ပါတယ်။

မသွယ်သွယ်ဦး (လွယ်ပြေရပ်ကွက်၊ မိုးနဲမြို့)

ကျွန်မက လွယ်ပြေရပ်ကွက်ကပါ။ အခုရွေးကောက်ပွဲမှာ မဲန္ဒရှင်တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် မဲလာရောက်ပေးတာဖြစ်ပါတယ်။ လူငယ်တစ်ဦးအနေနဲ့ အခုလို ရွေးကောက်ပွဲမှာ ပါဝင်မဲပေးခွင့်ရတဲ့အပေါ်မှာ ဝမ်းသာမိတယ်။ ကိုယ့်နိုင်ငံအနာဂတ်အတွက် လူငယ်တစ်ဦးအနေနဲ့ တာဝန်ကျေချင်လို့ ပါဝင်မဲပေးဖြစ်တာပါ။ မဲပေးတဲ့အခါမှာလည်း လွတ်လပ်စွာမဲပေးခဲ့ရပါတယ်။ ကျွန်မတို့ နိုင်ငံနဲ့ပြည်သူ အနာဂတ်သာယာလှပဖို့အတွက် ဦးဆောင်နိုင်သူကို ကိုယ်တိုင်လာရောက် ရွေးချယ်ခွင့်ရခဲ့ပါပြီ။

ပြည်နယ် (ပြန်/ဆက်)

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Posted on Jan 26, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 25, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Posted on Jan 24, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Posted on Jan 23, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 22, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 21, 2026