ပိုမိုထုတ်လုပ်နေသည့် မူးယစ်ဆေးဝါး ပိုမိုအရှိန်မြှင့် တားဆီးနှိမ်နင်း

ပိုမိုထုတ်လုပ်နေသည့် မူးယစ်ဆေးဝါး ပိုမိုအရှိန်မြှင့် တားဆီးနှိမ်နင်း


Ministry of Information/ Naypyitaw / December 18, 2025
image_latest


မလေးရှားနှင့် ထိုင်းရေပိုင်နက်သို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် သယ်ဆောင်မည့် ကျပ် ၁၃၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည်။ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့က ကက်တမင်းနှင့် အိုက်စ်ခေါ်မက်သ်အဖက်တမင်း မူးယစ်ဆေးဝါးများကို တန်နှင့်ချီ၍ ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်ပြီး ပင်လယ်‌ရေကြောင်းမှတစ်ဆင့် မလေးရှားနှင့်ထိုင်းရေပိုင်နက်သို့ ပို့ဆောင်ရောင်းဝယ်ရန်စီစဉ်နေစဉ် ဤကဲ့သို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကက်တမင်းနှင့် အိုက်စ်တို့သည် ဓာတုပစ္စည်းများကိုအခြေခံ၍ ထုတ်လုပ်သည့် စိတ်ပြောင်းဆေးဝါးများဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အခြားနိုင်ငံများမှ နည်းလမ်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချိတ်ဆက်သယ်ဆောင်ပြီး မူးယစ်ဆေးဝါးများကို ၎င်းတို့ထိန်းချုပ်ရာ နယ်မြေအတွင်း ထုတ်လုပ်နေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုနှင့် လုံခြုံရေးအခြေအနေတို့က အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအတွက် ဝင်ငွေရလမ်းတစ်ခုဖြစ်သော မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုတို့ ပိုမိုတိုးတက်များပြားလာစေရန် အခွင့်အလမ်းကောင်းများကို ဖြစ်ပေါ်စေသည်။ စိတ်ပြောင်းမူးယစ်ဆေးဝါးများ အရေအတွက်ထုထည် ပမာဏကြီးမားစွာနှင့် အကြိမ်ရေပို၍များပြားစွာ ဖမ်းဆီးရမိမှုတို့က မူးယစ်ဆေးဝါးထုတ်လုပ်မှု ပိုမိုများပြားနေသည့် သက်သေသာဓကများပင် ဖြစ်သည်။

မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု စသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်လျက်ရှိပြီး နိုင်ငံတော်၏လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်သောင်းကျန်း သူအဖွဲ့များသည် ဖြစ်ပေါ်နေသော အခြေအနေအပေါ် အခွင့်ကောင်းယူပြီး ၎င်းတို့၏ ဝင်ငွေရလမ်းဖြစ်သော မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ဒီဇင်ဘာ ၁၀ ရက်ကကျင်းပသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၅)တွင် ဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၃၀၄၂၀ မှု၊ တရားခံပေါင်း ၄၂၇၅၉ ဦး၊ ဘိန်း ၇ ဒသမ ၂ တန်ကျော်၊ ဘိန်းဖြူ ၉ ဒသမ ၄ တန်ကျော်၊ ဆေးခြောက် ၄ တန် ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၃၈ သန်းကျော်၊ အိုက်စ် ၁၀၇ တန်ကျော်၊ ကက်တမင်း ၂၂ ဒသမ ၂ တန်ကျော်၊ Happy Water ၈၆၆ ကီလိုကျော်၊ အက်တက်စီဆေးပြား ၁ ဒသမ ၁၇ သန်းခန့်၊ အခြား မူးယစ်ဆေးများ၊ ကဖင်း ၈၉ ဒသမ ၆ တန်ကျော်အပါအဝင် ထိန်းချုပ် ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းစုစုပေါင်း တန်ဖိုးငွေကျပ် ၅၅၇၀ ဒသမ ၇ ဘီလီယံကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့အခြေစိုက် မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် UNODC ၊ AFP ၊ DEA ၊ NNCC ၊ ONCB တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်သွားမည်ဟုလည်း သိရသည်။

မူးယစ်ဆေးဝါးသည် အကြမ်းဖက်သောင်းကျန်းသူများ သက်ဆိုးရှည်ရေးအတွက် ငွေကြေးအရင်းအမြစ်တစ်ခုဖြစ်သကဲ့သို့ ပြည်တွင်းရှိ လူငယ်လူရွယ်များအပါအဝင် လူသားတစ်ရပ်လုံးအတွက် အန္တရာယ်တစ်ခုဖြစ်သည်။ နိုင်ငံတော်၏လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ထိခိုက်စေလျက်ရှိရာ ပိုမို၍ ထုတ်လုပ်သယ်ဆောင်ရောင်းချနေသည့် မူးယစ်ဆေးဝါးကို ပိုမိုအရှိန်အဟုန်မြှင့် တားဆီးကာကွယ်နှိမ်နင်းရာတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း တစ်တပ်တစ်အား ပါဝင်ကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။