ပိုမို၍ကြံ့ခိုင်၊ ပိုမို၍စည်းလုံး

ပိုမို၍ကြံ့ခိုင်၊ ပိုမို၍စည်းလုံး


Ministry of Information/ Naypyitaw / May 31, 2025
image_latest


မြန်မာနိုင်ငံအတွင်းသို့ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဝင်ရောက်ခဲ့ချိန်မှစ၍ ကိုဗစ်-၁၉ အလွန်ကာလ လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ အင်အားပြင်းထန်သည့် မုန်တိုင်းများနှင့် နောက်ဆုံးအင်အားအလွန်ပြင်းထန်သည့် မြေငလျင်ကြီးအထိ တစ်နှစ်ပြီးတစ်နှစ် ဆက်၍ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်များမှာ မိမိတို့နိုင်ငံနှင့် ပြည်သူများအဖို့ ကြီးမားသည့်စိန်ခေါ်မှုများပင်ဖြစ်သည်။ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးတွင် နိုင်ငံ၏ လူမှုစီးပွားပျက်စီးဆုံးရှုံးမှုပမာဏကမူ ရှေ့တွင်ဖြစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်တို့ထက် အဆများစွာပိုသည်။

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မေ ၃၀ ရက်ကကျင်းပရာ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ငလျင်ဘေးအလွန် စီးပွားရေးပြန်လည်ကုစားကြရာတွင် မိမိတို့၏ စုပေါင်းရှုမြင်မှုများနှင့်အတူ ဆောင်ရွက်သင့်သည့် မဟာဗျူဟာမြောက် မဏ္ဍိုင်ကြီးသုံးရပ်ကို သုံးသပ်ပြောကြားခဲ့သည်။ ၎င်းမဏ္ဍိုင်ကြီးသုံးရပ်မှာ - (၁) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုများနှင့် လူမှုကာကွယ်ရေး (Humanitarian relief and Social protection)၊ (၂) အခြေခံအဆောက်အအုံများ ပြန်လည် တည်ဆောက်ရေးနှင့် စီးပွားရေးပြန်လည်ရှင်သန်ခြင်း (Infrastructure reconstruction and economic revival) ၊ (၃) ကြံ့ကြံ့ခံပြီး ခြုံငုံမှုရှိသည့် ပြုပြင်ပြောင်းလဲမှုများ (Reform anchored in resilience and inclusivity) တို့ဖြစ်သည်။ ယင်းမဏ္ဍိုင်ကြီးသုံးရပ်မှာ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လမ်းပြမြေပုံတစ်ခုအတွက် အခြေခံအုတ်မြစ်ဟုလည်း ဆိုနိုင်သည်။

အဆိုပါမဏ္ဍိုင်ကြီးသုံးရပ်အနက် ပထမမဏ္ဍိုင်မှာ ငလျင်လှုပ်ပြီးချိန်မှစခါ နာရီမခြား စတင်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး ပြုလုပ်ပြီး၊ ပြုလုပ်ဆဲလုပ်ငန်းများဖြစ်သည်။ ဒုတိယမဏ္ဍိုင်မှာ ငလျင်ကြောင့်ပြိုကျပျက်စီးသွားသည့် လမ်း၊ တံတား၊ အခြေခံအဆောက်အအုံများ၊ ဆက်သွယ်ရေးစနစ်များ၊ ဓာတ်အားလိုင်းများ၊ ဆည်မြောင်းတာတမံများ၊ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်တည်ဆောက်ရန်၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်လာစေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းပမာဏမှာ လွန်စွာကြီးမားသည်။ တတိယမဏ္ဍိုင်မှာမူ ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ပြုမှုအစီအစဉ်များဖြစ်သည်။ ငလျင်ကာလအလွန် ပြန်လည်ထူထောင်ရေးများဆောင်ရွက်ရာ၌ အနာဂတ်တွင် ရင်ဆိုင်ရဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ရေး၊ ဘဏ္ဍာငွေကြေးများသုံးစွဲရာတွင် ထိထိရောက်ရောက်နှင့် ပွင့်လင်းမြင်သာစွာ၊ တာဝန်ယူမှုတာဝန်ခံမှုတို့ဖြင့် သုံးစွဲနိုင်ရေး၊ ပြည်သူတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်မှုရရှိရေး၊ နိုင်ငံတကာနှင့် လက်တွဲဆောင်ရွက်ရေးတို့ပါဝင်သည်။ ယင်းမဏ္ဍိုင်ကြီး သုံးရပ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲက အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ ဖိုရမ်မှထွက်ပေါ်လာမည့်ရလဒ်များနှင့် မဏ္ဍိုင်ကြီးသုံးရပ်အခြေခံတို့ပေါင်းစပ်ပြီး ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လမ်းပြမြေပုံတစ်ခု ပေါ်ပေါက်လာမည်ဖြစ်သည်။

စင်စစ်အားဖြင့်ဆိုရလျှင် အင်အားပြင်းထန်လှသည့် မန္တလေးမြေငလျင်ကြီးက မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးတို့၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို ပြင်းပြင်းထန်ထန် လှုပ်နှိုးပေးခဲ့ခြင်းဖြစ်သည်။ ငလျင်အပြီးတွင် ဘာသာမရွေး၊ လူမျိုးမရွေး စည်းလုံးညီညွတ်မှု၊ အပြန်အလှန်စာနာကရုဏာထားမှု၊ ရိုင်းပင်းကူညီမှု၊ ချစ်ခင်ရင်းနှီးမှုတို့ကို မိမိတို့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ မြန်မာတို့၏ ဇွဲလုံ့လ၊ ရဲစွမ်းသတ္တိနှင့် ယဉ်ကျေးသိမ်မွေ့မှုတို့ကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုခဲ့ရသည်။ ဘေးအန္တရာယ်နှင့် အခက်အခဲများ၊ စိန်ခေါ်မှုများကို မြန်မာပီပီ ပိုမို၍ကြံ့ခိုင်သန်မာစွာ၊ ပိုမို၍ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ရင်ဆိုင်ကျော်လွှားကြရပါမည့် အကြောင်း။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Posted on Jun 02, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Posted on May 31, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Posted on May 30, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Posted on May 29, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 28, 2025
AnnouncementsExplore more >

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 2, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)

Posted on May 30, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)

HOT NEWS
January 4,