ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 09, 2024
image_latest


နေပြည်တော် မေ ၈

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် Wilamar (Wilamar International port Terminal) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၆၀၀၀၊ Yangon International Gateway Terminal (YIGT) ဆိပ်ကမ်းမှ ပဲတန်ချိန် ၉၄၀၀ တင်ပို့ခဲ့သည်။

ထို့ပြင် အေးရှားဝေါဆိပ်ကမ်း (AWPT-3) မှ ကုန်သေတ္တာသင်္ဘောတစ်စင်း ရေထွက်ကုန်၊ ဆန်၊ ပဲ၊ ချုပ်ပြီးအထည်၊ သစ်တောထွက်၊ သကြား၊ နှမ်း၊ အထွေထွေကုန်ပစ္စည်းများ၊ ပြောင်း၊ ရော်ဘာတို့ တင်ဆောင်ထွက်ခွာသွားသည်။ အလားတူ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-4)၊ အေးရှားဝေါ ဆိပ်ကမ်း (AWPT-3)မှ သင်္ဘောသုံးစင်းပေါ်သို့ ပို့ကုန်ရေထွက် ပစ္စည်း၊ ဆန်၊ ပဲများ တင်ဆောင်လျက်ရှိသည်။

ဆက်လက်၍ မေ ၁၀ ရက်တွင် ဆူးလေဆိပ်ကမ်း (SPW) မှ ပြောင်းဖူးစေ့ တန်ချိန် ၇၁၉၀၀ နှင့် ဆန်တန်ချိန် ၆၀၀၀၊ သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (MITT-5) မှ ပြောင်းဖူးစေ့တန်ချိန် ၂၇၅၀၀ ၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-2)မှ ပြောင်းဖူးစေ့တန်ချိန် ၂၇၅၀၀၊ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(AIPT)မှ ပြောင်းဖူးစေ့ တန်ချိန် ၅၅၆၀၀၊ ယခင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal- TMT)မှ ပြောင်းဖူးစေ့ တန်ချိန် ၂၉၅၀၀၊ မင်းထက်မင်းဆိပ်ကမ်း(MHM)မှ ပြောင်းဖူး စေ့တန်ချိန် ၅၄၀၀ ၊ Wilamar (Wilamar International port Terminal)ဆိပ်ကမ်းမှ ဆန်တန်ချိန် ၄၈၅၀၊ ရွှေမဲဆိပ်ကမ်း (SMJ) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ တို့ကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Posted on May 20, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

HOT NEWS
January 4,