ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကျင်းပ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကျင်းပ
Ministry of Transport and Communications/ Naypyitaw / April 19, 2025
နေပြည်တော်၊ ဧပြီ ၁၇
မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာကောင်းများနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ခူးလပြည့်ကျော် (၅) ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၅ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည်နှင့်အညီ ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီရုံး အနောက်ဘက်ရှိ ငလိုက်ရာဘာရေလွှဲဆည်၌ ကျင်းပသည်။
ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားကျင်းပရာတွင် ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့နှင့်အတူ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ရွှေဝါငါးကြင်းသားပေါက်များကို ငလိုက်ရာဘာရေလွှဲဆည်အတွင်းသို့ လွှတ်ပေးကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ဌာနအကြီးအကဲများနှင့်ဇနီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းမိသားစုများက ရွှေဝါငါးကြင်းသား ပေါက်ကောင်ရေ(၉၀၀၀)ကို ငလိုက်ရာဘာရေလွှဲဆည်အတွင်းသို့ လွှတ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
Myanmar National Human Rights Commission Statement No. (5/2025)
Posted on Apr 17, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၅)
Posted on Apr 17, 2025ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
Posted on Apr 17, 2025ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀ / ၂၀၂၅ ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် (၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်