ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ


Ministry of Information/ Naypyitaw / June 16, 2025
image_latest


နေပြည်တော် ဇွန် ၁၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီး၏ တောင်ဘက်၊ နေပြည်တော်ဘူတာနှင့် ရွာတော်ဘူတာအကြားရှိရထားလမ်းဘေး ဝဲ/ယာ နယ်နိမိတ်အတွင်းရှိ စိုက်ကွက်နှစ်နေရာတို့တွင် ကျင်းပသည်။

တက်ရောက်

သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။

လိုက်လံကြည့်ရှုအားပေး

ဦးစွာ ပထမစိုက်ကွက်နေရာ၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ဦးဆောင်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ရထားလမ်းဘေးတစ်လျှောက်တွင် အရိပ်ရလေကာ ပင်များစိုက်ပျိုးကြပြီး ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကိုလိုက်လံကြည့်ရှုအားပေးသည်။

တပျော်တပါးစိုက်ပျိုး

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာတော်ဘူတာသို့ ရောက်ရှိပြီး ရွာတော်ဘူတာအနီးရှိ ဒုတိယစိုက်ကွက်နေရာတွင် ဝန်ထမ်းများနှင့်အတူ အရိပ်ရလေကာပင်များအား ဆက်လက်စိုက်ပျိုးကြသည်။ ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနအောက်ရှိဌာန၊ အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း ၁၅၀၀ တက်ရောက်၍ ကျွန်းပျိုးပင် ၂၀၀၊ ပိတောက်ပျိုးပင် ၁၅၀၊ ပျဉ်းကတိုးပျိုးပင် ၁၅၀ နှင့် မဲဇလီပျိုးပင် ၁၀၀၀ စုစုပေါင်း ပျိုးပင်မျိုးစုံ ၁၅၀၀ ကို တပျော်တပါး စိုက်ပျိုးကြသည်။

နေပြည်တော်၌ ယနေ့ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲနှင့်အတူ ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး/ပြည်နယ်များမှ ဌာန၊ အဖွဲ့အစည်းအားလုံးကလည်း သက်ဆိုင်ရာနယ်မြေရုံးများအလိုက် တစ်ချိန်တည်း တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Apr 30, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 29, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Apr 28, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Apr 27, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 26, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Posted on Apr 25, 2026