ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးအဆောက်အအုံများ၏ ခေတ်အလိုက် အုတ်မြစ်တည်ဆောက်မှုစနစ်အား တူးဖော်သုတေသနပြုလျက်ရှိပြီး မည်သူမဆို လာရောက်လေ့လာနိုင်
ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးအဆောက်အအုံများ၏ ခေတ်အလိုက် အုတ်မြစ်တည်ဆောက်မှုစနစ်အား တူးဖော်သုတေသနပြုလျက်ရှိပြီး မည်သူမဆို လာရောက်လေ့လာနိုင်
Ministry of Information/ Naypyitaw / May 12, 2026
ညောင်ဦး မေ ၁၁
ပုဂံဒေသရှိ ခေတ်အဆက်ဆက်တည်ဆောက်ခဲ့သော ရှေးဟောင်းစေတီပုထိုး အဆောက်အအုံများ၏ မြေပြင်အောက်တွင် တည်ဆောက်ခဲ့သည့် အုတ်မြစ်တည်ဆောက်မှုစနစ်အား သိရှိနိုင်ရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) သုတေသနဌာနစုက တူးဖော်သုတေသနပြု လေ့လာလျက်ရှိသည်။
၂၀၂၃ ခုနှစ်မှစ၍ ခေတ်ကာလ မတူညီသော ရှေးဟောင်းစေတီ ပုထိုးအဆောက်အအုံ ၁၂ ခု၏ အုတ်မြစ်တည်ဆောက်မှုစနစ်ကို တူးဖော်သုတေသနပြုလေ့လာခဲ့ ပြီး ယခု ၂၀၂၆ ခုနှစ်တွင် သဗ္ဗညု ဂူဘုရားအနောက်ဘက် မီးမလောင်ကျောင်းအနီးရှိ ငကျွဲနားဋောင်းစေတီ (ရှေးဟောင်း အဆောက်အအုံအမှတ်-၁၆၀၃)၊ ပုဂံ ရှေးဟောင်းသုတေသန ပြတိုက်ရှေ့ရှိ ပေါက်ပင်ရာ စေတီ (ရှေးဟောင်းအဆောက်အအုံ အမှတ်-၁၆၁၄)၊ ညောင်ဦး- ပုဂံ မြို့ဟောင်းကားလမ်းဘေး မင်းအိုချမ်းသာဘုရား အရှေ့ဘက်ရှိ ရှေးဟောင်းအဆောက်အအုံ အမှတ်-၁၉၀၅ တို့၏ အုတ်မြစ် တည်ဆောက်မှုစနစ်ကို တူးဖော် သုတေသနပြုသွားမည် ဖြစ်ကြောင်း သိရသည်။
တူးဖော်သုတေသနပြုနေမှုများနှင့်ပတ်သက်၍ လေ့လာလိုသည့် သုတေသီများ၊ ကျောင်းသား ကျောင်းသူများ၊ ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်သုတေ သနပြုမှုများကို စိတ်ပါဝင်စားသည့် မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူးထံမှ သိရသည်။
ဒီပါလင်း
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း
Posted on May 13, 2026အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း
NOTICE TO FILE INCOME TAX RETURN, ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Posted on May 12, 2026အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Posted on May 12, 2026အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
