ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးကျင်းပ

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / February 20, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၉

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၆)ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပြည်သူ့ဆေးရုံများတွင် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင်လည်း ဟန်ချက်ညီညီ ဝန်ဆောင်မှုပေးရန် လိုအပ်သည့်အတွက် စနစ်တကျဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှိရမည့်အင်္ဂါရပ်များ၊ အချက်အလက်များ ပြည့်စုံစွာတင်ပြလာပါက ကြန့်ကြာမှုမရှိဘဲ လိုင်စင်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ ဆေးရုံဖွဲ့စည်းပုံများ ဆေးရုံအင်္ဂါရပ်နှင့် ညီညွတ်စွာ တည်ထောင်ဖွင့်လှစ်ရန်ရည်ရွယ်၍ ကြိုတင်ထောက်ခံချက်တင်ပြရန် အလေးထား ဆောင်ရွက်လျက်ရှိပြီး အတည်ပြုထားသော ဗိသုကာပုံစံအတိုင်း တည်ဆောက်ရန် ထိန်းကျောင်းကြီးကြပ် လျက်ရှိကြောင်း၊ လိုင်စင်စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်သည့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများကိုလည်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ လုံခြုံစိတ်ချရသည့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန်ရည်ရွယ်၍ ပုဂ္ဂလိကကုသမှု အထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းများနှင့် ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်နိုင်ရန် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၆ခုနှစ်)ကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် လူ့စွမ်းအားအရင်းအမြစ်များ မှန်ကန်စွာအသုံးချနိုင်ရေး မူဝါဒများချမှတ်ပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းမှု၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းလိုင်စင်(အသစ်) လျှောက်ထားလာသည့် ကိစ္စရပ်များကိုတင်ပြရာ ဗဟိုအဖွဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Posted on Apr 06, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026
AnnouncementsExplore more >

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Apr 6, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Apr 6, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်

Posted on Apr 6, 2026

အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။