ပုသိမ်မြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်းဖွင့်ပွဲကျင်းပ
ပုသိမ်မြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်းဖွင့်ပွဲကျင်းပ
Ministry of Hotel & Tourism/ နေပြည်တော် / September 18, 2024

နေပြည်တော်၊ စက်တင်ဘာလ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုသိမ် ရုံးခွဲ၏ စီစဉ်ကြီးကြပ်မှု ဟိုတယ်ဆို်ငရာလုပ်ငန်းရှင်များအသင်း ငွေဆောင်ဟိုတယ်ဇုန်၏ ပူးပေါင်း ကူညီမှုဖြင့် ငွေဆောင်ကမ်းခြေဒေသရှိ ဟိုတယ်/ တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင် နေကြသော ဝန်ထမ်းများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု (အခြေခံ) သင်တန်း (၃) မျိုး ဖွင့်ပွဲအခမ်းအနားကို ငွေဆောင်ကမ်းခြေဒေသရှိ Yamonnar Oo Hotel တွင် ၁၆-၉-၂၀၂၄ ရက်နေ့ နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ရုံးခွဲမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ခရီးစဉ်ဒေသစီမံ ခန့်ခွဲရေးအဖွဲ့ (DMO) အဖွဲ့ဝင်များ၊ သင်တန်းနည်းပြ ဆရာ/ ဆရာမများ၊ ဟိုတယ် တည်းခိုရိပ်သာ များမှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ တက်ရောက်ကြပြီး အဆိုပါသင်တန်းသို့ သင်တန်းသား/ သူ (၈၇) ဦး တက်ရောက်ဖြစ်ကာ သင်တန်းကာလမှာ (၁၆-၉-၂၀၂၄) ရက်နေ့မှ (၁၁-၁၀-၂၀၂၄) ရက်နေ့အထိ ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Jul 1, 2025အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
အမည်မည်းစာရင်းကြေညာခြင်း
Posted on Jul 1, 2025၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း
Posted on Jun 30, 2025