ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း


Ministry of Information/ Naypyitaw / January 14, 2025
image_latest


 

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။

၂။ အသိအမှတ်ပြုလက်မှတ် သက်တမ်းကုန်ဆုံးပါက နည်းဥပဒေ ၂၁ အရ သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ပုံစံနှင့်အတူ အခကြေးငွေ ကျပ်တစ်သောင်း ပေးသွင်း၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် လာရောက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၃။ သက်တမ်းကုန်လွန်သော အသိအမှတ်ပြုလက်မှတ်များဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်မရှိကြောင်းနှင့် သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

၄။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း ၀၁-၅၄၁၄၁၃၊ ၀၁-၈၆၀၄၇၅၀၊ ၀၁-၈၆၀၄၇၅၁၊ ၀၁-၅၄၄၅၈၃ ၊ iprd.crd.ygn@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၆ ရက် ၊ကြာသာပတေးနေ့။


Posted on Feb 06, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Feb 05, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


Posted on Feb 04, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


Posted on Feb 03, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


Posted on Feb 02, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


Posted on Feb 01, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Feb 4, 2025

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း

Posted on Feb 4, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း